အခန်း ၇ ဗီလိန်

4.1K 444 8
                                    

Unicode

အခန်း ၇
ဗီလိန်

တစ်ဖက်မှာ‌ေတာ့ အိုင်ယမ်သည် ဂျူလီယမ် ကို ကုမ္ပဏီသို့ ခေါ်လာရသည့်အတွက်‌ေကြာင့် အရမ်းပျော်ရွှင်နေသည် ။ ဂျူလီယမ်သည် ရုံးခန်းထဲသို့ ရောက်သောအခါ သူ ဆိုဖာကို တစ်ချက် လှမ်းကြည့်ရင်း  တစ်နေ့တာလုံး သူဘာလုပ်ရမလဲဆိုတာကို သူစဉ်းစားနေ၏

လက်ထောက်ရုံးခန်းနှင့် ဥက္ကဌရုံးခန်းကို  မှန်အကြည်များဖြင့် ခြားထားသည်။ ထို့အပြင် သူတို့ အနားယူချိန်မဟုတ်သေးသောကြောင့်  အတင်းအဖျင်းပြော‌ေလ့ရှိကြသည့် သူများထဲမှ လက်ထောက်တစ် ဦးက ဥက္ကဌ၏ရုံးခန်းဝင်ပေါက်ကို စိတ်လှုပ်ရှားစွာ စောင့် ကြည့်နေရင်း  " ဘောစ့်  က ကုမ္ပဏီကို အိုမီဂါလေးတစ်ယောက် ခေါ်လာတယ်.သူ‌ေလးက ဘောစ့်ရဲ့???..."

အမျိုးသမီးအချို့တွေက ထူးဆန်းသည့် အပြုံးတွေ ပြုံးနေကြသည် ။   ရုံးခန်းရှိ လက်ထောက် အမျိုးသား နှစ်ယောက်က ထိုင်နေရင်း ကောက်ခါငင်ကာ  တစ်ယောက်ကို တစ်ယောက် ကြည့် လိုက်မိသည် ။ ထိုအခန်းထဲမှ စိတ်မနှံ့တဲ့မိန်းမပျိုအုပ်စုကလဲ  ညစ်ညမ်းသောအရာများကို စိတ်ကူးယဉ်နေပြန်သည်။

အိုင်ယမ် ရဲ့ အတွင်းရေးမှူးက အမျိုးသမီးအဖွဲ့ရဲ့ အသွင်အပြင်ကို မြင်တဲ့အခါ သူ့မျက်နှာက အလွန်အရုပ်ဆိုးသွားသည် -
" မဟုတ်တာတွေလျှောက်ပြောနေတာလဲ !!! ဒါက ဆရာ့ ညီလေး လေ "

အတွင်းရေးမှုးစကားကြောင့် နှောက်ယှက်ခံရသော အမျိုးသမီးများသည် အနည်းငယ်စိတ်ပျက်သွားသည်ဟု ခံစားမိ‌ေသာ‌ေကြာင့် ဘယ်သူကမှ သူတို့မျက်နှာကို မပြရဲတော့‌ေပ ။ ကံကောင်းထောက်မစွာ၊ အလုပ်ချိန်ဖြစ်‌ေသာ‌ေကြာင့် အမျိုးသမီးအနည်းငယ်သည် အလုပ်ပြန်လုပ်ရန် သူတို့နေရာသို့ ပြန်သွားကြသည်။ 

ဂျူလီယမ် သည် သူ့ရုံးခန်းအား အဆက်မပြတ်ကြည့်နေသည် ကို အိုင်ယမ် က မြင်ပြီး သိချင်မိသောကြောင့်  " အစ်ကိုကြီးရဲ့ ရုံး ခန်းက ကောင်းလား "

ဂျူလီယမ် က သူ့ကို ပြန်မဖြေဘူး။ သူသည် ဆိုဖာဆီသို့ လျှောက် မသွားမီ အိုင်ယမ် ၏ ရုံးခန်းတစ်ဝိုက်ကို လှမ်းကြည့်ရင်း ခေါင်းကို လှည့်ကာ ပြုံးပြီး  "အစ်ကိုကြီး မင်း အလုပ်တွေ အရမ်းမလုပ်နဲ့ ပုံမှန်ပဲ လုပ် .."

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Unde poveștirile trăiesc. Descoperă acum