အခန်း ၁၁ အကြည့်တစ်ချက်

2.9K 357 1
                                    

Unicode

ဒီအချိုးမကျလှတဲ့အဆောက်အဦးကရိုးရိုးရှင်းရှင်းနဲ့တန်ဆာဆင်ထားခြင်းလည်းမရှိ,သဘာဝအတိုင်းပဲတည်ဆောက်ထားတာမျိုးဖြစ်သည်။ သူ့ရဲ့အလှဆင်ထားတဲ့ပုံစံမျိုးရဖို့အတွက် အခန်းငယ်တစ်ခုနဲ့တစ်ခုကိုဝါးလိုက်ကာလေးတွေနဲ့ပဲ ကာခြားထားသည်။ လိုက်ကာတွေကနေရာတစ်ခုနဲ့တစ်ခုကိုခွဲခြားပေးတယ်ဆိုပေမယ့်, တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ရုံမျှသာဖြစ်၏။ တစ်နေရာနဲ့တစ်နေရာ အသံတွေလုံ‌တဲ့အထိတော့မဟုတ်ပါဘူး။

ဂျူလီယမ်‌တော့ အံ့ဩသွားရလေသည်။
အက်တီယမ်လည်းအလားတူပဲ အံ့ဩသွားရ၏။ သူ့ရဲ့မျက်ခုံးတွေတောင်တွန့်ချိုးပြီး စက္ကန့်အနည်းငယ်လောက်အထိ တွေးတွေးဆဆဖြစ်နေပေသည်။ အဲ့နောက်မှာတော့ သူ့မျက်လုံးတွေပြူးကျယ်လာပြီး တီးတိုးပြောလာခဲ့သည်။
"သူကဘေးအခန်းမှာရှိနေတာလား?"

အက်တီယမ်ဆီကစကားလုံးတွေထွက်ကျလာလာချင်းပဲ,ခုနကအသံကသူ့ရဲ့သံသယဝင်နေတာတွေကို အတည်ပြုပေးလာခဲ့သည်။
"သူရှိနေတာပဲဟ!"

ခုနကပဲသူတို့စကားဝိုင်းရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့လူးရှပ်စ်က သူတို့နဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေခဲ့တာဖြစ်ပြီးတော့ သူတို့ပြောခဲ့သမျှအကုန်လုံးကိုလည်း ကြားနေခဲ့တာပဲ

ဂျူလီယမ်ကတောင့်ခဲသွားမိရ၏။ သူအခုလေးတင်ပဲ ဘာတွေပြောခဲ့မိပါလိမ့်?

ဗီလိန်နဲ့သူ့သူငယ်ချင်းက သူတို့ရှေ့ရောက်လာတဲ့အချိန်မှာတော့ ဂျူလီယမ်ရဲ့မျက်နှာမှာ ဘယ်လိုခံစားချက်မျိုးမှ ရှိ‌မနေတော့ဘူး. အဲ့နောက်တော့ သူက လူးရှပ်စ်ကို အခုမှပထမဆုံးအကြိမ်တွေ့ဆုံဖူးတဲ့ သူစိမ်းတစ်ယောက်လိုမျိုး ကြည့်ပြီးတော့ အနည်းငယ်လေး ပြုံးပြလိုက်၏။
"ဟယ်လို,တွေ့ရတာဝမ်းသာပါတယ်.ကျွန်တော်ကတော့သန်စင်ခန်းခဏသွားဖို့လိုနေလို့"

ဂျူလီယမ်ကအလျင်အမြန်ပဲထရပ်လိုက်သည်။ သူဒီနေရာမှာဆက်ပြီးမနေနိုင်ပါဘူး!

ဂျူလီယမ်အမှန်တကယ်ပဲသန့်စင်ခန်းသွားချင်နေတာမဟုတ်ဘူးဆိုတာကတော့ အသိသာကြီးပဲပေါ့။ သူ့ဝိုင်းကိုပြန်မသွားခင် သန့်စင်ခန်းထဲမှာပဲ ခဏလောက်နေပြီးတော့ ဗီလိန်ပြန်သွားတာကိုစောင့်နေလို့ရတယ်လေ။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now