အခန်း ၄၉

800 52 2
                                    

Dominant Omega
Chapter-49(pull off)

အက်တီယမ်သည် နောက်ထပ် စကားထပ်မပြောခင်မှာပဲ ခဏတာမျှ တွန့်ဆုတ်သွားသည် ။
သူ့ရဲ့အသံက တိုးပေမဲ့ ငြင်သာပြီးရှင်းလင်းတယ်။ကြားလိုက်တဲ့သူကို သက်သောင့်သက်သာ ဖြစ်စေတယ် "Mr. Baume?"
အိုင်ယမ်က ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်ပြီး
"အင်း ။ မင်းဝင်လာပြီး ထိုင်ဦးမလား"လို့
မေးလိုက်ပါတယ်။ထို့နောက် လှည့်ပြီး
အထဲဝင်သွားကာ "ဝင်လာခဲ့လေ " လို့ ခေါ်လိုက်တယ် ။

အက်တီယမ်ဟာ  သူ့အနောက်ကတံခါးကို ပိတ်ပြီး
သူ့ရှေ့ကလူကို အကဲခတ်ပြီး အနောက်ကနေ
လိုက်သွားခဲ့တယ်။ဂျူလီယမ်ရဲ့အကိုနဲ့
သူ နဲ့က ပထမဆုံး တွေ့ဖူးတာမဟုတ်ပေမဲ့
ဒီနေ့တော့ သူ့အား ကြည့်လိုက်သည့်
အိုင်ယမ်ရဲ့အကြည့်‌ေတွက မတူညီတဲ့ခံစားချက်တစ်စုံတစ်ရာကို ပေးစွမ်းပါတယ်။
အဲ့ဒါကတော့ စစ်‌ေဆးရေးနည်းပြတစ်ယောက်လိုမျိုးပဲ
သူ့ကို စေ့စေ့စပ်စပ်နဲ့ အသေးစိတ် ကြည့်နေတာက
သူ့အတွက် ပြောမပြနိုင်လောက်အောင်
ဖိအားဖြစ်စေတယ်။

ဒါပေမဲ့လည်း အက်တီယမ်ကတော့ အဲ့ဒါတွေကို ဂရုတစိုက်လိုက်တွေးတတ်တဲ့ လူမျိုး‌ေတာ့ မဟုတ်ခဲ့ဘူး။ပြီးတော့ သူက အတွေးလွန်တာတွေလည်း
မဖြစ်ချင်ဘူး ။ ဘာလို့လည်းဆိုတော့ alpha
တည်ရှိနေခြင်းက အမြဲတမ်း သူ့အတွက်
သက်သောင့်သက်သာဖြစ်‌ေစတယ်လို့
မခံစားရတာ‌ေကြာင့်ပဲ ။
ပြီးတော့ အိုင်ယမ့်မှာလည်း သူနဲ့ဂျူလီယမ်တို့
ကြားက သူငယ်ချင်းဆက်ဆံရေးကို
ကန့်ကွက်မယ့် တစ်စုံတစ်ရာရှိနေတယ်လို့လည်း
မထင်ရပါဘူး။

အိုင်ယမ် လမ်းလျှောက်လိုက်သည့်အခါမှာ
စည်းချက်ညီတဲ့သံစဉ်တွေကို
သတိထားမိလိုက်တာကြောင့် အက်တီယမ်သည်
သူ့ကို မချောင်းကြည့်ပဲ မနေနိုင်‌ေပ  ။
အိုင်ယမ်ရဲ့ မျက်နှာအသွင်အပြင်က
ဂျူလီယမ်နဲ့ တော်တော်လေးဆင်ပေမဲ့
ပန်းပုရုပ်အသွင်အပြင်နှင့်
ပိုပြီးတော့ လေးနက်သည့်အပြင် အသေးစိတ်လှ၏။
သူ့ရဲ့စိုနေတဲ့ ဆံပင်ကို နဖူးပြင်ပေါ်ချထားတာက
အိုင်ယမ်ရဲ့ တလက်လက်တောက်ပနေတဲ့ မျက်လုံးအစုံကို အနည်းငယ် ကာထားလိုက် သလိုပင် ။
လျော့ရဲနေတဲ့တဘက်က သူ့ရဲ့ ပြီးပြည့်စုံတဲ့
ခါးအလှကောက်ကြောင်းကို ဖော်ပြနေပါတယ် ။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now