အခန်း ၃၃ ပိုက်ဆံ

1.2K 146 7
                                    

Unicode

Dominant Omega
အခန်း ၃၃ - ပိုက်ဆံ
စာရေးဆရာ- latteectrie
ဘာသာပြန်သူ - Violet M

ကံကောင်းထောက်မစွာနဲ့  ဂျူလီယမ် သည်
မနေ့ညက လူးရှပ်စ် နှင့် အတူရှိနေခဲ့ကြောင်း
အိုင်ယမ် မသိခဲ့ပေ

ဂျူလီယမ် က သူငယ်ချင်းတွေကို
သူ့အကျိုးအတွက်သုံးတာ မှားမှန်းသိပေမယ့်
အက်တီယမ်က တော်တော်‌ေလးအသုံးဝင်ပါတယ်
ဥပမာအားဖြင့် အက်တီယမ်ဟာ အားလုံးကို
ဖုံးဖိပေးခဲ့တယ်
သူငယ်ချင်းဒိုင်းလို့ ပြောရမလား
ဂျူလီယမ်ဟာ အက်တီယမ် က
မူးနေသော အခြေအနေတွင် သူ့ကို
စွန့်ပစ်ခဲ့ခြင်းအတွက် ခွင့်လွှတ်ပြီးသားဖြစ်၏
အဲဒါတွေက ခင်မင်ရင်းနှီးတဲ့ ခံစားချက်တွေပါပဲ

ဂျူလီယမ် က သူ့သူငယ်ချင်းကို ဖုန်းဆက်ဖို့
ဆုံးဖြတ်လိုက်တယ်

သူတို့စကားပြောနေရင်းနဲ့ အက်တီယမ် က
တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပြီး
"အဲဒီအချိန်လောက်က... ရှင်းပြပါရစေ"

အခြားတစ်ယောက်က ဖုန်းဆက်ပြီး
လူးရှပ်စ်ကို အရင်လာခိုင်းတယ်လို့ ထင်တဲ့အတွက် အဲဒီအချိန်မှာ သူက ဂျူလီယမ် ကို ထားခဲ့တာ

ဂျူလီယမ်က သူ့မျက်နှာပေါ်က အပြုံးလေးနဲ့
"ရှင်းပြစရာမလိုပါဘူး  ငါနားလည်ပါတယ်
မင်းရဲ့ပီယာနိုမြန်မြန်ပြန်ကောင်းလာမယ်လို့
မျှော်လင့်ပါတယ်"

အက်တီယမ် က "မဟုတ်ဘူး အဲဒါက
မင်းနဲ့ လူးရှပ်စ် အကြောင်း‌ေလ
မင်းတို့ နှစ်ယောက်ကြားမှာ ဟိုလို ခံစားချက်မျိုး
ရှိတယ်မလား  အဲဒါ အချစ်ဟုတ်မဟုတ်
ငါ‌ေသချာ မသိပေမဲ့
တစ်ယောက်ယောက်က အိုမီဂါလေးတစ်ယောက်ကို
အပိုင်သိမ်းချင်နေတယ်ဆိုတာ ငါသိတယ်  ."

ထိုစကားကိုကြားသောအခါ ဂျူလီယန်၏မျက်နှာမှာ
ရှက်ရွမ့်သွားသလို

ထိုစကားသည် မှားနေသလိုပဲ

အက်တီယမ်က "စိတ်မပူပါနဲ့  မင်းဘာပဲလုပ်လုပ်
ငါမင်းကို အမြဲထောက်ခံတယ်"

ဂျူလီယမ် ဟာ ရင်တွေတဆတ်ဆတ်တုန်ပြီး
သူ့ဖုန်းကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့တယ်
ကလေးဆန်သောလေသံ‌ေလးဖြင့်
မကျေနပ်ကြောင်း ဒေါသတကြီးပြောလိုက်၏
"ဟမ်  ငါဘာမှမလုပ်ပါဘူး
မင်းဘာလို့ စိတ်အနှောက်အယှက်ဖြစ်သလို
ပြောနေရတာလဲ
မဟုတ်ရင် ငါ သေတဲ့အထိ စိတ်ဆိုးသွားမှာနော် "

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now