2

4.7K 282 2
                                    

"ဝမ်ရိပေါ် ဒီနေ့လဲ အလုပ်မရလာပြန်ဘူးလား"

အိမ်ထဲပင်မရောက်သေး ဖိနပ်စင်မှာဖိနပ်ချွတ်သံကြားတာနဲ့ အိမ်ထဲမှ အမေဖြစ်သူရဲ့အသံကထွက်ပေါ်လို့လာသည်....၊
ဒီအိမ်မှာ သားအမိသားအဖလေးယောက်ရှိသည့်အနက် မာမားနဲ့ကိုကြီးကတစ်ဖက် ပါပါးနဲ့ရိပေါ်နဲ့ကတစ်ဖက်ဆိုသလိုပဲ....
လောင်းကစားဝါသနာပါတဲ့ မာမားနဲ့ကိုကြီးက တနေ့ရှာသမျှတနေ့သုံးတာနှင့်ကုန်တတ်တာမို့ ခြေထောက်တစ်ဖက်မရှိတော့တဲ့အပြင် ကျန်းမာရေးချူချာနေသောပါပါးအတွက် ရိပေါ်မှာတစ်ဖက်တစ်လမ်းကဝင်ငွေရှာရသည်....၊

မာမားတို့သားအမိက သုံးစရာမရှိရင် ရိပေါ်ဆီလည်းတောင်းတတ်ကြသေးပြန်တော့ တက္ကသိုလ်ဆက်မတက်ရသေးတဲ့ ရိပေါ်အတွက် ရှာရတာနဲ့မကာမိပေဘူးဖြစ်သည်....၊

ပါပါးစီးပွါးရေးအရှာကောင်းတုန်းက ချစ်ရတဲ့မိန်းမနဲ့သားတွေကို ဘာအလုပ်မှမလုပ်စေပဲ လိုလေးသေးမရှိထားပေမဲ့ ပါပါးနေမကောင်းဖြစ်လို့အိပ်ယာထဲလဲသည့်အခါမှာတော့ ပြန်ပြီးတော့ ဦးဆောင်ဦးဖျားလုပ်နိုင်မည့်သူမရှိတော့ချေ....။


တိုက်ခန်းကျဉ်းလေးထဲက ဧည့်ခန်းသေးသေးမှာ အပြင်သွားဟန်ရှိတဲ့မာမားကိုတွေ့တော့ ရိပေါ်ဘေးမှာဝင်ထိုင်လိုက်သည်....၊

"ဘယ်သွားမလို့လဲမာမား ပြီးတော့ ကိုကြီးရော"

"အိမ်တစ်လုံးချိတ်ထားလို့ ပွဲခရမှာ နင့်အစ်ကိုကသွားနှင့်ပြီအလုပ်လဲမရရတာဝင်လုပ်ဖို့စဉ်းစားအုံး ငါတို့ချည်းအားမကိုးနဲ့ကြားလား ပြီးတော့ နင့်ပါပါးကိုထမင်းကျွေးလိုက်အုံး"

"ပါပါးက ခုချိန်ထိထမင်းမစားရသေးဘူးလား"

"အေး ငါလဲသူ့ကိုမပြုစုတတ်ဘူး အဲဒါကြောင့် ကျွေးဖြစ်အောင်ကျွေးလိုက်"

ပြောပြီးတာနဲ့အိတ်ဆွဲကာအိမ်ထဲမှထွက်သွားသည့် မာမားကိုကြည့်ရင် ရိပေါ်သက်ပြင်းအသာချမိသည်....။

ရိပေါ်တို့ငယ်ဘဝက အရမ်းကိုလိုလေးသေးမရှိပြည့်စုံခဲ့ပါတယ်.... မာမားကိုလဲရွှေပေါ်မြတင်ထားတော့ အိမ်မှာနေရင်း အပေါင်းအသင်းလေးနဲ့အပျော်အပါးဆော့လာရာကနေ တကယ်တည်းဘာမှမကျန်တဲ့အခါ ထိုအရာက သူမအတွက် စီးပွါးရေးရှာဖွေရာအရပ်လိုဖြစ်သွားသည်....၊
တခါတရံ ကိုကြီးနဲ့လိုက်ပြီး ပွဲစားလုပ်တယ်ဆိုပေမဲ့ ပွဲခရလာတယ်ဆိုတာ အကြားသာရှိပြီး ရိပေါ်တို့အတွက်အိမ်စရိတ်ဆိုတာ တခါမှမမြင်ရချေ...။

Falling For YouWhere stories live. Discover now