3

3.1K 234 3
                                    

ဒုန်း!!!!!

ဗွမ်း!!!!!!

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

သန့်ရှင်းရေးဝန်ထမ်း၏ပေါ့လျော့မှုဖြင့် ပါလာသောရေဗုံးမှောက်သွားပြီး ရေတချို့ဟာ lobby ကြမ်းပြင်မှာ ဖိတ်ကျကုန်တာကြောင့် သန့်ရှင်းရေးဝန်ထမ်းဟာ ခါးကိုင်းလို့တောင်းပန်ရင်း တစ်ဖက်ကလဲ ပြန်လည်လို့ကြမ်းတိုက်ကာ သန့်ရှင်းနေသည်...။

company lobby အတွင်း ဆူညံသံတွေကြောင့် ဥက္ကဌရှောင်းအပါအဝင် အတူသွားလာနေသော ကုမ္ပဏီအဖွဲ့ဝင်များရဲ့ခြေလှမ်းဟာရပ်သွားပြီး အသံလာရာဆီသို့ကြည့်ကြမိတဲ့အခါ ပတ်ဝန်းကျင်မှဝန်ထမ်းတွေက စိုးရိမ်တထိတ်ဖြင့်ရှိနေကြတယ်....

"သူ့ကို အလုပ်ထုတ်လိုက်တော့"

တစ်ချက်သာပြောပြီး ခြေလှမ်းကျဲတွေနဲ့ထွက်သွားသည့် ဥက္ကဌရှောင်းနောက်ကို အတွင်းရေးမှူးယွီပင်းအပါအဝင် ကုမ္ပဏီအဖွဲ့ဝင်များကလည်း ထပ်ကြပ်မကွာလိုက်သွားရသည်....။

ဥက္ကဌရှောင်းတို့တစ်ဖွဲ့လုံးရဲ့ဦးတည်ရာဟာ meeting room ထဲသို့ဖြစ်ပြီး အထဲတွင် ရှယ်ယာရှင်များနှင့် ဘုတ်အဖွဲ့ဝင်တချို့က ကြိုရောက်နေကြပြီဖြစ်သည်....။
သူတို့က ဥက္ကဌရှောင်းရောက်သည်နဲ့မတ်တပ်ထရပ်လိုက်ကြပြီး ဥက္ကဌရှောင်းက လက်တစ်ဖက်ထောင်ပြလို့ အသိအမှတ်ပြုပြီးမှ ပြန်ထိုင်ကြသည်....။

"အိုကေ ဒီနေ့အစည်းအဝေးက xxxနယ်မှာလုပ်ဖြစ်တဲ့ အိမ်ယာစီမံကိန်းနဲ့ပတ်သတ်တာဖြစ်တယ် အရင်ဆုံးပြောချင်တာက အရင်းအနှီးများနိုင်တယ် အတိုက်အခိုက်များနိုင်တယ် ဒါပေမဲ့ ရလာနိုင်တဲ့အကျိုးအမြတ်ကလဲမက်လောက်စရာဖြစ်တယ် ဒါ့ကြောင့် ရှယ်ယာရှင်တွေအနေနဲ့သေချာစဉ်းစားဖို့လိုပါမယ် ကျွန်တော့ဘက်ကတော့ ဆက်သွားမှာဖြစ်ပြီး စီမံကိန်းနဲ့ပတ်သတ်တာကို ယွီပင်းကရှင်းပြပါလိမ့်မယ်"

ဥက္ကဌရှောင်းက နေရာမှာထိုင်ပြီးတာနဲ့ အတွင်းရေးမှူးဖြစ်သူယွီပင်းမှထလာပြီး ပရောဂျက်တာတွင် စီမံကိန်းနဲ့ပတ်သတ်သောအကြောင်းအရာများကို power point ဖြင့်ရှင်းပြသည်....။

Falling For YouWhere stories live. Discover now