31

2.4K 211 8
                                    

ယွင်အာနဲ့စေ့စပ်ပွဲဖျက်လိုက်လို့ ရလာတဲ့အကျိုးဆက်ကနည်းနည်းတော့ပြင်းတယ်ဆိုရမယ်...
share ရှင်တွေကိုရော တခြားလုပ်ငန်းပါတနာတွေရောကို ရှောင်းကျန့်တို့ဘက်ကမကြေငြာခင် ယွင်လုပ်ငန်းစုကဦးအောင်လို့ စေ့စပ်ပွဲဖျက်သိမ်းကြောင်းလိုက်ပြောတယ်...
ပြောပုံကလည်း CEO Xiao က မိန်းကလေးတစ်ယောက်ကို ယူမလိုလုပ်ပြီးမှစွန့်ပစ်တတ်ကြောင်း၊ ယောင်္ကျားလေးတွေကိုလည်း သဘောကျတတ်ကြောင်း စသဖြင့် ကောလဟာလတွေလိုက်ဖြန့်တယ်....

သူတို့ကနစ်နာသူမို့ သူတို့ဘာပြောပြောအမှန်သာဖြစ်ပြီး ရှောင်းကျန့်တို့ဘက်ကဘာပဲဖြေရှင်းလာလာ အရာမထင်အောင်မျိုးလုပ်လိုက်တာမျိုး....

ထိုသတင်းတွေမြင်တော့ အရင်ဆုံးစိတ်တိုဒေါသဖြစ်ရသူက မာမားပင်...

ရိပေါ်ကိုလည်း အလုပ်ထုတ်မယ်လုပ်လို့ ဘာမှမဆိုင်ကြောင်းရှင်းပြထားရတယ်...

"လတ်တလောတော့ လုပ်ငန်းကအထိအခိုက်များနေတယ်ဆိုပေမဲ့ စိတ်မပူပါနဲ့အလွန်ဆုံးတစ်ပတ်ပဲ"

"ဘာတွေကအဲလောက်သေချာနေရသလဲကျန့်ကျန့် အခုမင်းလုပ်လိုက်တဲ့လုပ်ရက်တွေကြောင့် ရလာတဲ့အကျိုးဆက်တွေလေ အမြန်ဆုံးဖြေရှင်းဖို့ကြိုးစား ဆိုင်မှာလဲ ဟိုကောင်လေးကို..."

"ဝမ်လေးကိုထိခိုက်မှုဖြစ်လာစေတယ်ဆိုရင် ကျွန်တော်အားလုံးလွှတ်ချပြီးထွက်သွားလိုက်မှာနော် မား"

ရှောင်းကျန့်က ထိုစကားတခွန်းသာဆိုပြီး ထထွက်သွားသည်....၊

"ကျန့်ကျန့်ကိုလွှတ်ပေးလိုက်ပါတော့ သူဆုံးဖြတ်ပြီးရင်ဘယ်တုန်းကပြင်တတ်လို့လဲ မင်းရဲ့ဖြစ်စေချင်တာကိုနားလည်တယ် ကိုယ်တို့စီစဉ်ပေးတဲ့သူက အဆင်မပြေတော့ သူလဲထပ်ပြီး လက်ခံမှာမဟုတ်တော့ဘူးလေ ကိုယ်ပြောတာနားလည်လား"

"နားလည်တယ် နားလည်လို့လည်း သူတို့ကြားဘယ်လောက်မှဝင်မပါရသေးဘူး ဒါပေမဲ့အစ်ကို အဲကောင်လေးရဲ့မိသားစုက လောင်းကစားသမားတွေလေ"

"ဒါတော့ဘယ်တတ်နိုင်ပါ့မလဲ ကိုယ်တို့သားရဲ့လက်တွဲဖော်က အဲလိုလူမျိုးမဖြစ်အောင်လို့ပဲဆုတောင်းရမှာပေါ့"

Falling For YouWhere stories live. Discover now