16

2.5K 244 10
                                    

"ကျန့်ကျန့် ယွင်အာလေးကို မားတို့အသစ်ဖွင့်လိုက်တဲ့ Mall မှာ ဈေးဝယ်လိုက်ပို့ပေးလိုက်ပါအုံး"

"ကျွန်တော်မအားဘူးမား"

"ကျန့်ကျန့်! အဲဒါဆို ယွင်အာနဲ့မနက်ဖြန်စေ့စပ်ပွဲလုပ်မယ်"

"ကျစ်! ၁နာရီအပြီးလုပ်ထားလို့ပြောလိုက် ဒါပေမဲ့ ၂နာရီခွဲအထိပဲရမှာနော်မား ကျွန်တော်ဧည့်သည်တွေနဲ့ချိန်းထားတာရှိတယ်"

"အို ရတယ် ရတယ် သားအဆင်ပြေသလိုလုပ်"

မားဆီကထွက်လာပြီးတာနဲ့ ရှောင်းကျန့်က လက်ထဲမှာရှိတဲ့ဖုန်းကနေ တစ်စုံတစ်ယောက်ဆီစာပို့လိုက်သည်.....

...

📩 1နာရီအရောက် X Group က lobby ကိုလာခဲ့

အွန် အဟွတ် ဟွတ်!!!

"ဟဲ့ ဘာဖြစ်တာလဲ"

ဖုန်းသုံးရင်းထမင်းစားနေတဲ့ရိပေါ်က ရုတ်တရတ် သီးသလိုဖြစ်သွားတာမို့ ဘေးမှာရှိတဲ့ ချီချီနဲ့ဖန်ရှင်းတို့က ကျောသပ်တဲ့သူနဲ့ ရေထည်ပေးတဲ့သူနဲ့ဖြစ်ကုန်ကြသည်....

ရိပေါ် နာရီကြည့်တော့ ၁၂နာရီ ၄၀

* ချီးတဲ့မှ....

"ငါတော်ပြီ ဒါလေးတွေသိမ်းပေးထားကြပါ"

ထမင်းစားခန်းကနေ အစ်မကျူးကျူးဆီသွားပြီး အကျိုးအကြောင်းပြောပြပြီးတာနဲ့ ဘော့စ်ဆီထွက်လာခဲ့ရသည်....

*ဟူး သူတို့လိုကိုယ်ပိုင်ကားနဲ့လာရတယ်များမှတ်နေလားမသိဘူး

ကြီးမားကျယ်ပြန့်လှတဲ့ X group ရှေ့ရောက်တာနဲ့ ကိုယ်နေဟန်ထားအနည်းငယ်ပြင်ပြီး ဘော့စ်ပြောရာ lobby ထဲဝင်ကာ ဘော့စ်တို့ကိုရှာရသည်....၊

တွေ့ပါပြီ....
ယွင်မိန်းကလေးကတစ်ခုခုကိုပူဆာနေဟန်နဲ့ ဘေးကဘော့စ်ကတော့ မျက်မှောင်ကြီးကျုံ့လို့...

*လူတိုင်းကို မျက်မှောင်ကြီးကျုံ့နေတော့တာပဲ ဟွန့်...

ယွီပင်းကောက သူ့ကိုလက်လှမ်းပြနေတာနဲ့ ခပ်သွက်သွက်ပဲသွားလိုက်သည်....၊

ပြသာနာက ကားပေါ်အတက်မှာဖြစ်တာပါပဲ....
ယွီပင်းကောကကားမောင်းမှာဆိုတော့ ရိပေါ်က ဘေးမှာထိုင်လိုက်ပေါ့ နောက်ခန်းမှာတော့ ဘော့စ်နဲ့ယွင်မိန်းကလေးထိုင်မယ်...အဲလိုတွေးမိပြီး ရှေ့ခန်းတံခါးဖွင့်လို့ ကားပေါ်တက်ဖို့အလုပ်....

Falling For YouWhere stories live. Discover now