15

2.6K 250 11
                                    

"ကျွန်တော်က....ခင်ဗျားလိုသူဌေးအပေါ်အပြစ်တွေလဲလုပ်မိသေးတယ်မလား အဲဒါတွေကြောင့် ကျွန်တော့ကို အလုပ်ထုတ်အုံးမှာမလား! ပြောလေ ခင်ဗျားပြောလေ ဟင့်..... ကျွန်တော်တောင်းပန်ပါတယ်နော် အလုပ်တော့မထုတ်ပါနဲ့ နော် နော်"

ရန်တွေ့လိုက် တောင်းပန်လိုက်လုပ်နေတဲ့ ငမူးသမားလေးက တချက်တချက်လည်း ယိုင်ကျသေးတာမို့ ရှောင်းကျန့်မှာ ထိန်းထားရသေးသည်.....၊

"ဒါပေမဲ့ ခင်ဗျားကို မကျေနပ်ဘူး အေ့!"

"ဝမ်ရိပေါ် သွားသင့်ပြီ"

"မသွားဘူး ဘယ်ကိုမှမသွားနိုင်ဘူး အင့်! မသွား.... ဝေါ့!!!"

"ဟာ ဟေ့!"

ရှောင်းကျန့်ကိုယ်ပေါ်သို့ ကျလာသော ဝမ်ရိပေါ်ရဲ့အန်ဖတ်တွေ....

"သွားပြီကွာ! ကျစ်!"

"ဘော့စ် ဟာ ဘယ်လိုဖြစ်တာလဲ"

"မင်းမြင်တဲ့အတိုင်းပဲယွီပင်း ငါသန့်ရှင်းရေးလုပ်လိုက်အုံးမယ် သူ့ကိုအခန်းထဲခေါ်သွားလိုက်"

"ဗျာ! အ အခန်းထဲကို"

"သူ့ရဲ့ဒီလိုပုံနဲ့ မင်းကဘယ်နားပစ်ထားခဲ့မလို့လဲ"

"ဟုတ် ဟုတ် ကျွန်တော် အဆင်ပြေတဲ့အခန်းထဲထည့်ထားလိုက်ပါမယ်"

"မလိုဘူး ငါ့အခန်းပဲခေါ်သွား ငါသန့်ရှင်းရေးလုပ်နေတုန်း သူ့ကိုနိုးအောင်လုပ်ထားလိုက်"

ဥက္ကဌရှောင်းကပြောပြီးတာနဲ့ သူ့ရဲ့ အခန်းတွင်းထဲဝင်သွားသည်...
ယွီပင်းခမျာ အမူးသမားကိုထိန်းကာ နောက်ကလိုက်ဝင်ပြီး ဆိုဖာပေါ်ပစ်တင်လိုက်ရတယ်....အန်ဖက်စော်ကလဲနံနေတာမို့ ဝမ်ရိပေါ်ရဲ့အပေါ်အင်္ကျီကိုချွတ်လိုက်ပြီး ကုတင်ပေါ်ကစောင်ကိုယူကာ ခြုံပေးထားလိုက်သည်....။

ပြီးနောက် သဘက်တစ်ထည်ယူကာ ရေခဲရေနဲ့စွတ်လိုက်ပြီး ဝမ်ရိပေါ်ရဲ့မျက်နှာအနှံ့ပွတ်ပေးလိုက်တယ်...ထပ်ပြီးတော့လည်း kitchen ကနေ သံပုရာသီးတောင်းကာ ဝမ်ရိပေါ်ရဲ့နားထဲညှစ်ချလိုက်သည်....

"ရိပေါ် ဝမ်ရိပေါ် ထအုံး!"

"....."

"ဝမ်ရိပေါ် ညီလေး!...."

Falling For YouWhere stories live. Discover now