11

2.5K 244 7
                                    

"ဘောစ့် ဘောစ့် ထိန်းပါအုံးဗျ အိုက်ယား...."

ဟိုတယ်လ်ထဲကနေ အရက်မူးနေတဲ့ ဘော့စ်ကိုထိန်းလာရသဖြင့် ရိပေါ်ခြေထောက်တွေဟာ ယိုင်တိုင်တိုင်နဲ့....

ဘော့စ်ကဧည့်သည်နှစ်ယောက်ကိုဧည့်ခံတာလား ဧည့်သည်နှစ်ယောက်က ဘော့စ်ကိုဧည့်ခံလိုက်တာလား မသဲကွဲနိုင်အောင်ကို ခေါင်းမထောင်နိုင်တဲ့အထိ ဘော့စ်ကမူးလာတယ်....

တော်သေးတာက ဧည့်သည်တွေနေမဲ့ ဟိုတယ်လ်မှာပဲ သောက်ကြတာမို့ ဘော့စ်တစ်ယောက်ပဲထိန်းရတာ မဟုတ်လျင် သုံးယောက်တောင် ရိပေါ်တစ်ယောက် လျှာထွက်သွားနိုင်သည်....

"ကောင်လေး ကိုယ့်ရဲ့ကွန်ဒိုလိပ်စာသိလား"

"ဗျာ...မသိပါဘူးဘော့စ်"

"အင်း.... xxxလမ်းပဲ အဲကိုမောင်း"

"ဟုတ် ဟုတ်"

နောက်ခန်းမှာဘော့စ်ကိုနေရာချပြီးတာနဲ့ ရိပေါ်မောင်းသူနေရာခပ်မြန်မြန်ဝင်ထိုင်ကာ ဘော့စ်ပြောတဲ့နေရာသို့ ဦးတည်ရတော့သည်...

နောက်ခန်းမှာ ခပ်ငြိမ်ငြိမ်လိုက်လာတဲ့ဘော့စ်ကို နောက်ကြည့်မှန်ကနေ ရိပေါ်မကြာခဏလှမိးကြည့်မိတယ်...

*တော်သေးတယ် အရက်မူးရင် ခပ်ဆိုးဆိုးဖြစ်တဲ့လူမဟုတ်လို့

အတန်ကြာလေးမောင်းလာတော့....

"ဘော့စ် ဘော့စ်ပြောတဲ့လမ်းရောက်ပါပြီဗျ"

"အင်း.... xxxအိမ်ယာကိုမောင်း တိုက်နံပါတ် 8 တစ်ခါတည်း ကားပါကင်ထိမောင်း ပြီးရင် အပေါ်ထိလိုက်ပို့ပေး ကိုယ်မလှုပ်ချင်လို့"

"ဗျာ အာ...ဟုတ် ဟုတ်"

*တခါတည်း ဟိုတယ်လ်မှာပဲအိပ်လိုက်တာမဟုတ်ဘူး ငါကဘယ်အချိန်ပြန်ရမှာလဲလို့.......ဟင်း.....

ဘော့စ်ပြောတဲ့နေရာကိုရောက်လာပြီး ကားပါကင်ရောက်တာနဲ့ ကားကိုရပ်ကာ နောက်ခန်းမှာရှိတဲ့ ဘော့စ်ကိုဆွဲထုတ်ရသည်....
ပြီးတာနဲ့ ဓာတ်လှေကားထဲဝင်ပြီး အပေါ်တက်ဖို့အလုပ်....

"ဘော့စ် ဘယ်အထပ်လဲဟင်"

လက်၂ချောင်းထောင်ပြလာသော ဘော့စ်ဖြစ်သူကြောင့်...

Falling For YouWhere stories live. Discover now