13

2.5K 232 7
                                    

"ကျဲ ဂုဏ်ယူပါတယ် ငါနဲ့တူတဲ့တူချောလေးမွေးပေးလို့"

"အံမယ် ကျန့်ကျန့်နဲ့ချောတာတော့တူတယ် အကျင့်တော့မတူစေချင်ပါဘူး"

"ဘာဖြစ်နေလို့လဲ ကျွန်တော်က"

"ကျန့်ကျန့်ကအလုပ်သရဲလေ ငါ့သားလေးကိုတော့ အလုပ်သရဲမဖြစ်စေချင်ပါဘူးနော်"

"ဟားဟား ကျဲရယ် ကျွန်တော်အလုပ်လုပ်နေတာလဲ ကျွန်တော့်အနာဂတ်ထက် အခုထွက်လာတဲ့ဟာလေးတွေအတွက်ပဲလေ မဟုတ်ဘူးလား"

"ဟုတ်တာတော့ဟုတ်တာပေါ့ ဒါပေမဲ့ ငါ့မောင်လေးကိုလဲ လက်တွဲဖော်နဲ့မြင်ချင်တယ်လေ မားတို့ပြောတဲ့ယွင်အာရော မကြိုက်ဘူးလား"

"အဲဒါမာမားတို့စီစဉ်နေတာ ကျွန်တော့်သဘောမပါဘူး"

"အင်းပါ ဘာပဲဖြစ်ဖြစ် ကျဲကကျန့်ကျန့်ဘက်ကနော်"

"ဟုတ်ပါပီ ကလေးအမေဖြစ်နေပြီ ပေါမနေနဲ့တော့ ယောက်ဖကိုပြောလိုက်အုံး ကျွန်တော်လာမှ ဘီယာအဝတိုက်လို့"

"အေးအေး နင်တို့သမီးယောက်ဖနှစ်ယောက်ကတော့ သောက်ဖို့ပဲစဉ်းစားနေကြ ဟွန့်"

"ဟားဟားဟား ဟုတ်ပါပြီ ဒါဆိုကျဲ ငါဖုန်းချလိုက်တော့မယ်"

"အင်း အင်း ကျန့်ကျန့် တာ့တာ"

ကျဲနဲ့ဖုန်းပြောပြီးတာနဲ့ တစ်ဖက်တွင်ရပ်နေသော ယွီပင်းဘက်လှည့်ကာ....

"ပြော ဘာဖြစ်လာတာလဲ"

"xxx စက်ရုံမှာထွက်တဲ့အထည်တွေမှာ ချည်တွေမှားပါလာလို့ပါ ဘော့စ်"

"ကျစ်! ထုတ်နေတုန်းကမသိကြဘူးလား အားလုံးပြီးမှသိကြတာလား"

"အလုပ်သမားတွေက ပေးလာတဲ့ချည်ထည်တွေပေါ်မူတည်ပြီးပဲချုပ်ကြတာဆိုတော့ ချည်ထည်ခွဲပေးတဲ့နေရာကအဓိကပါ ဒါပေမဲ့...."

"ဒါပေမဲ့ ဘာဖြစ်လဲ"

"ချည်ထည်တွေက ကျွန်တော်တို့မှာတဲ့ချည်ထည်တွေဆိုပေမဲ့ ကွာလတီမကောင်းတာတွေဖြစ်နေပါတယ်ဘော့စ် အဲချည်တွေက ယွင်လုပ်ငန်းစုဆီကယူတဲ့ချည်ထည်တွေပါ ဒါက သူတို့ဆီကိုမှာယူတဲ့ ပစ္စည်းစာရင်း ဒါက သူတို့ဘက်ကပေးတဲ့ပစ္စည်းစာရင်းပါ"

Falling For YouWhere stories live. Discover now