4

2.9K 237 3
                                    

ခွမ်း!!!!!

"အယ်!!! ဒီကောင်လေး လက်ကြောကိုမတင်းဘူး"

နောက်ဘေးမှာပန်းကန်ကျကွဲသံကြားတာနဲ့ ဆိုင်ရှင်အဒေါ်ကြီးမှယပ်တောင်တဖျပ်ဖျပ်ခပ်လို့ဝင်လာပြီး စပြောတော့တယ်.....

ရိပေါ်တစ်ယောက် ရရာဝင်လုပ်မယ်လို့ဆုံးဖြတ်ထားတာမို့ စာစောင်ပေါ်ကအလုပ်တွေမရခင်စပ်ကြား လမ်းထိပ်ကခေါက်ဆွဲဆိုင်မှာ ပန်းကန်ဆေးအလုပ်သမားလိုတယ်ကြားတာနဲ့ တန်းပြီးလျှောက်လိုက်တာ တစ်ခါတည်းတန်းခန့်ခြင်းခံခဲ့ရသည်....၊

ခေါက်ဆွဲဆိုင်ဆိုပေမဲ့ ကန်ထရိုက်ဆိုဒ်နဲ့နီးကပ်နေတော့ ထမင်း ဟင်းပါတွဲရောင်းတာမို့ ဆေးရတဲ့ပန်းကန်ဆိုတာ ရေတွက်ချိန်ပင်မရ....။

ရိပေါ်မှာလည်း ပန်းကန်ဆေးတာကျွမ်းကျင်တာမဟုတ်တော့ ဆပ်ပြာတွေနဲ့ချောပြီးကျကွဲတာ အခုနဲ့ဆို သုံးချပ်မြောက်မို့ ဆိုင်ရှင်ကအသံထွက်လာလေသည်....။

"ကောင်လေး နင်နဲ့တော့မဖြစ်ဘူး နောက်နေ့မလာနဲ့တော့"

ရိပေါ်မှာပင်ပင်ပန်းပန်းလည်းလုပ်ရသေးတယ် အလုပ်ထုတ်တာတောင် အသိအမှတ်ပြုတဲ့စကားလေးတစ်ခွန်းပင်မကြားရတာမို့ အနည်းငယ်တော့စိတ်ဆိုးသွားရသည်....။

"အဲဒါဆို အခုပဲပြန်တော့မယ် ဒီနေ့စာရှင်းပေး"

"ဟဲ့ ဒီနေ့အချိန်မှမပြည့်သေးတာ"

"မပြည့်တဲ့အချိန်ကိုနှုတ်လိုက်လေ နောက်နေ့လဲလာစရာမှမလိုတာ ဆက်ထိုင်နေတော့ရောဘာထူးမှာလဲ"

"အမလေး အမလေး ငါ့ကိုများပြန်ပြောနေတာ ကြွ ကြွ ကောင်တာမှာထုတ်သွားချေ နင့်လိုပုံနဲ့ဘယ်အလုပ်မှမြဲမယ်မထင်ပါဘူးအေ"

ရိပေါ်လည်း အဒေါ်ကြီးကိုဘာမှပြန်မပြောတော့ပဲ မျက်စောင်းတစ်ချက်သာထိုး၍ ကောင်တာဆီငွေထုတ်ရန်ထွက်လာခဲ့တော့သည်...။

ပိုက်ဆံထုတ်ပြီး ပြန်လာတဲ့လမ်းမှာ ပဲကြီးတွန့်နေတဲ့သူ့လက်ဖဝါးကိုကြည့်ရင်း မကျေမနပ်ဖြင့် ပွစိပွစိပြောလာလိုက်တာ.....

"အီးဟီးဟီး ဟင့်"

ပလက်ဖောင်းပေါ်မှာကလေးလေးတစ်ယောက် ဝမ်းနည်းပက်လက်ငိုကြွေးနေတာမို့ ရိပေါ် ထိုကလေးနားကပ်သွားပြီး...

Falling For YouWhere stories live. Discover now