"မေမေကြီးခေါ်တယ်ဆိုလို့"
"ဟုတ်တယ် ထိုင် ကောင်လေး"
ရိပေါ် မေမေကြီးနဲ့မျက်နှာချင်းဆိုင်ကခုံမှာဝင်ထိုင်လိုက်သည်....၊
အခန်းတွင်းအေးစိမ့်မှုကြောင့်လားမသိပေမဲ့ မေမေကြီးနဲ့ရိပေါ်နှစ်ယောက်ထဲဆိုတဲ့အသိနဲ့ သက်တောင့်သက်သာဖြစ်မနေဘူး။"ကျန့်ကျန့်နဲ့က ဘယ်အခြေအနေအထိရောက်နေပြီလဲ"
"ဗျာ...ဟို ဟို....ဒီတိုင်း..."
"အဟင်း...ငါ့သားကတဖတ်သတ်ဖြစ်နေတာပေါ့ ထားပါလေ ပထမတုန်းကတော့ ကျန့်ကျန့်ကဒီတိုင်းခင်မင်တဲ့ကောင်လေးဆိုပြီး ထင်နေခဲ့တာ ဒါပေမဲ့အခြေအနေတွေကပြောင်းနေပီဆိုတော့.....မေမေကြီးစုံစမ်းလို့ရသလောက် ကောင်လေးရဲ့မိသားစုက အလောင်းကစားဆော့ရတာ ဝါသနာပါကြတယ်ဆို ဟုတ်လား"
ထင်မထားတဲ့မေးခွန်းကြောင့် ရိပေါ်ဆွံ့အမှုနဲ့အတူ ဘာပြန်ဖြေရမလဲဆိုတာမသိတော့....
"ဟို....."
"ကောင်လေးကရော အိမ်ကလူတွေလိုပဲလား"
"မ မဟုတ်ပါဘူးမေမေကြီး ကျွန်တော်အဲလိုမျိုးတွေမကြိုက်ပါဘူး အိမ်မှာလည်း မာမားနဲ့ကိုကြီးပဲဝါသနာပါတာပါ"
"အင်း ဟုတ်ပါပြီ ကျန့်ကျန့်ကိုယ်တိုင်ရွေးချယ်ထားတဲ့သူဆိုတော့ အမှားတော့မရှိလောက်ပါဘူး အခုပြောမှာက ကောင်လေးကို မေမေကြီးအကူအညီတောင်းစရာရှိလို့"
"ဟုတ်ကဲ့မေမေကြီးပြောပါ"
"အင်း..... xxxလမ်းက ခြံအမှတ် ၃၀မှာ မေမေကြီးမိတ်ဆွေရှိတယ် သူ့ဆီက ပိုက်ဆံ သိန်း၅၀ ရစရာရှိတာ ကောင်လေးသွားယူပေးနိုင်မလား ငွေပမာဏကလဲများတော့ တခြားသူလဲမခိုင်းချင်လို့လေ"
"ဟို....ဟုတ် မေမေကြီး"
"အင်း ဒါဆို မနက်ဖြန် မနက်၁၀နာရီမှာသွားပေး တခုတော့ရှိတယ် ကျန့်ကျန့်နဲ့သူ့အဖေမသိအောင်လှည့်ထားတဲ့ပိုက်ဆံမို့လို့ သူတို့တွေသိလို့မရဘူး"
မေမေကြီးရဲ့ပြောစကားကြောင့် ရိပေါ်တချက်တော့တွေဝေသွားပေမဲ့ ကိုယ့်ဆီအကူအညီတောင်းသည်ဆိုတော့ ရိပေါ်ဆီမှာငြင်းနိုင်စွမ်းအားမရှိပြီလေ....။
YOU ARE READING
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....