25

2.5K 234 8
                                    

"ဒီလ ဝမ်ရိပေါ် % ရတာပိုများတယ်နော် နောက်လည်း ဆက်ပြီးတော့ကြိုးစားပါအုံး"

"ဟီး ဟုတ် အစ်မကျူး"

ရိပေါ်တို့လစာထုတ်တဲ့အခါ တန်းစီပြီးနာမည်စာရင်းခေါ်ပြီးပေးတာမို့ မန်နေဂျာကျူးပြောတဲ့ ရိပေါ် %များတယ်ဆိုတဲ့ကိစ္စကို တချို့သောသူတွေက နှာခေါင်းရှုံ့ကြတယ်....

"တစ်လမှာ ဆိုင်ထဲအပြည့်မရှိတဲ့သူက ဘယ်လိုများ %တိုးရပါလိမ့်နော်"

"နင်ကလဲ စားဖားလေသိတယ်မလား ဖားလည်းဖားတယ် စားလည်းစားတယ် ဟက်!"

မန်နေဂျာကျူးအခန်းထဲမှထွက်ထွက်ချင်း ကြားလိုက်ရတဲ့ဝန်ထမ်းတချို့ရဲ့စကားတွေကြောင့် စာအိတ်ကိုင်ထားတဲ့ ရိပေါ်ရဲ့လက်တွေတင်းကျပ်သွားရသည်....

မဟုတ်တာပြောနေတာတွေဖက်ပြိုင်ငြင်းရအောင်လည်း ယောင်္ကျားလေးနဲ့မိန်းကလေးတွေဖြစ်နေပြန်တာမို့ မကြားချင်ယောင်သာဆောင်ပြီး ဆက်ထွက်သွားလိုက်တယ်...

"ဟိတ်! သူများကိုမဟုတ်တာတွေမပြောနဲ့ ငါအကုန်ကြားတယ် ဒီကပေးတဲ့ % တွေက customer တွေရော အလုပ်အတူတွဲလုပ်တဲ့ stylist တွေပါ ပေးတဲ့ review တွေကိုကြည့်ပြီး ပေးတာ ဘယ်သူမှ အလကားရတာလဲမရှိသလို မျက်နှာလိုက်တာလဲမရှိဘူး ကိုယ်တိုင်ကမကြိုးစားပဲ ရသွားတဲ့သူတွေကို မနာလိုကြနဲ့နော်!"

မန်နေဂျာကျူးဝင်ပြောလိုက်မှ ပြောနေတဲ့အသံတွေပိတ်သွားရသည်....%ရတဲ့ ချီချီနဲ့ဖန်ရှင်းလဲ ကောင်းတယ် ဆိုတဲ့အမူအယာတွေနဲ့ မနာလိုစရာဖြစ်လဲဖြစ်ချင်စရာပဲလေ အချောင်ခိုချင်တဲ့သူ မကြိုးစားချင်တဲ့သူတွေက ပုံမှန်လစာလေးပဲရတာကိုး...သူတို့၃ယောက်ကတော့ အလုပ်စဝင်ကတည်းက ပေးလာတဲ့တာဝန်ကိုအကုန်ကျေပွန်အောင်လုပ်တယ်...နဂိုဝန်ထမ်းအဟောင်းတွေမှာလည်း %ရတဲ့သူတွေမနည်းဘူး အဲဒါကို ဘော့စ်နားနေရတဲ့ရိပေါ်ကိုပဲ တမင်ပြောချင်နေကြတာ....။

"ပါးအတွက် ဒီလစရိတ်က xxxx အိမ်စရိတ်က xxx ဒါက မာမားနဲ့ကိုကြီးတို့တောင်းရင်ပေးရအောင် ပိုပိုလိုလို xxx ဒါက xx... ဒါက xx ... ဟမ်း.... % လေးပိုရလည်း သုံးစရာသိပ်တောင်မကျန်ဘူး"

Falling For YouWhere stories live. Discover now