28

2.3K 223 9
                                    

ဝမ်ရိပေါ်တစ်ယောက် သူ့ရှေ့မှာရှိနေသော မေမေကြီးကို သေချာပင်မကြည့်ရဲပဲ ခေါင်းငုံ့လျက်အနေအထားမှာရှိနေသည်....၊

မျက်နှာချင်းဆိုင်ထိုင်နေရတဲ့အနေအထားမှာ ရိပေါ်ကို ရုံးခန်းထဲအထိအခေါ်တွေ့ရတဲ့မေမေကြီးက ၁၅မိနစ်လောက်ကြာတဲ့အထိ ဘာစကားမှမပြောပဲ သူ့အလုပ်သူသာလုပ်နေတယ်...၊

"နာမည်က...."

"ဗျာ ဟို ဝမ်ရိပေါ်ပါ"

"အင်း....ပညာအရည်အချင်းကရော"

ဒူးခေါင်းပေါ်တင်ပြီး ယှက်ထားတဲ့ရိပေါ်ရဲ့လက်နှစ်ဖက်က အချင်းချင်းတင်းကြပ်စွာစုပ်ကိုင်မိသွားသည်....

"ကျောင်းမပြီးသေးပါဘူးခင်ဗျ"

"အင်း.....သားကျန့်နဲ့အရင်ကသိခဲ့ဖူးတယ်ကြားတယ် ဟုတ်သလား"

"ဟုတ် ဟုတ်ပါတယ်မေမေကြီး"

"သားကျန့်ကတစ်ဦးတည်းသောသားဆိုတော့ အဖော်မင်တယ် သံယောဇဉ်ကြီးတတ်တယ် ဒါပေမဲ့ လူတိုင်းတော့မဟုတ်ဘူး....သူကကောင်လေးကိုတော်တော်သံယောဇဉ်ကြီးပုံရတယ် ဟုတ်လား"

"ဟုတ် ကို...အဲ ဘော့စ်က ကျွန်တော့ကိုတော့ဂရုတစိုက်ရှိပါတယ်မေမေကြီး"

"ဟင်း....လူတစ်ယောက်ကကိုယ့်ကို ဂရုစိုက်ပေးတယ်ဆိုတာ ပျော်စရာပါ....ဒါပေမဲ့ ကောင်လေး စဉ်းစားဖူးလား သားကျန့်က ကောင်လေးဆန္ဒမှန်သမျှ လိုက်လျောပေးလိုက်ရပေမဲ့ နောက်ကွယ်မှာ သူအလုပ်ပျက် အကိုင်ပျက်ဖြစ်ရတဲ့အပြင် သတင်းထောက်တွေရဲ့ကောလဟလတွေပါဖြေရှင်းရတယ်ဆိုတာ"

"ဗျာ...?"

"အင်းလေ ကောင်လေးကဘယ်နားလည်ပါ့မလဲ သတင်းထောက်တွေဆိုတာ အနုပညာရှင်တွေအတွက်ပဲအလုပ်လုပ်ကြတာမဟုတ်ဘူး မေမေကြီးတို့လို နိုင်ငံနဲ့ချီပြီးစီးပွါးရေးလုပ်နေရတဲ့လူတွေကိုလည်း သူတို့ကသတိထားစောင့်ကြည့်နေကြတာ....၊ မေမေကြီးသိပါတယ် ဟိုတလောက သားကျန့်နဲ့ကောင်လေး အပြင်သွားမုန့်စားကြတယ်ဆိုတာ အဲအချိန်လေးမှာပဲ မေမေကြီးဆီဘာရောက်လာတယ်ထင်လဲ"

"....."

ရိပေါ် ဘာမှမဖြေရသေးပေမဲ့ မေမေကြီးထုတ်ပြလာတဲ့ ဓာတ်ပုံတွေကြောင့် ဆွံ့အသွားရသည်...

Falling For YouWhere stories live. Discover now