27

2.5K 223 8
                                    

"ဒါက ဘာတွေလဲကျန့်ကျန့်"

ရှေ့မှစားပွဲပေါ်ပစ်ချလာသောဓာတ်ပုံအထပ်လိုက်ကြောင့် iPad အသုံးပြုနေတဲ့ရှောင်းကျန့်က တချက်လှမ်းကြည့်သည်....၊
ပြလာတဲ့ပုံတွေက ဟိုတနေ့က ရိပေါ်နဲ့ဟော့ပေါ့သွားစားတုန်းက ပုံတွေဖြစ်တာကြောင့် ရှောင်းကျန့်မျှော်လင့်ခဲ့ပြီးသားပေမို့ ထိတ်လန့်နေခြင်းတော့မရှိ....၊

"ဘယ်တုန်းက ဒီလိုဆိုင်တွေသွားဖူးခဲ့လဲ ပြီးတော့ ကိုယ့်သိက္ခာနဲ့ ကိုယ့်အဆင့်အတန်းနဲ့ "

"မား! ဒါတွေပြောနေရလောက်တဲ့အထိ ကျွန်တော်ကလေးမဟုတ်တော့ဘူး သွားခဲ့တဲ့ဆိုင်ကလဲအရသာရှိပါတယ်"

"ကျန့်ကျန့်! မားကိုမရွဲ့နဲ့ မားပြောနေတာ မင်းရဲ့ဂုဏ်သကက္ခာအတွက်ပြောနေတာ ရှောင်းလုပ်ငန်းစုကြီးကိုဆက်ခံတဲ့သူက ဒီလိုဆိုင်သေးသေးလေးမှာလာထိုင်တယ်ဆိုပြီး သတင်းတွေပွနေမှာ ပြီးရင် အခွင့်ကောင်းလိုချင်တဲ့သူတွေက စီးပွါးရေးဆန်ဆန်တွေနဲ့ ရှောင်းဥက္ကဌရဲ့ပုံတွေယူသုံးမယ် ပြီးရင်လုပ်စားမယ် မကောင်းတာတစ်ခုခုဖြစ်ရင် ဘယ်သူနာမည်စပျက်မယ်ထင်လဲ ဟမ်"

"ကျစ် မားရာ အရမ်းတွေမတွေးပါနဲ့ ကျွန်တော်လဲလူပဲ သွားချင်တဲ့နေရာ စားချင်တဲ့နေရာရှိမှာပဲလေ ကျွန်တော့်နာမည်ယူသုံးတယ်ထားအုံး အဲပြသာနာလောက်ကို ကျွန်တော်ကမဖြေရှင်းနိုင်တော့ဘူးလား"

"ကျန့်ကျန့်...မားက မဖြစ်သင့်တာကိုမဖြစ်အောင် သတိပေးနေတာ ပြီးတော့ ဟိုကောင်လေး...အဲကလေးနဲ့တွေ့ပြီးမှ သားပုံစံတွေပြောင်းလဲလာတာ မားသတိထားမိတယ်....လူဆိုတာ ဒူးနေရာဒူး တော်နေရာတော်ပဲ နေရာတကာဦးစားပေးနေရင် သားခေါင်းပေါ်နင်းသွားလိမ့်မယ်"

"ရိပေါ်က အဲလိုလူမျိုးမဟုတ်ဘူးမား ပြီးတော့ ရိပေါ်ကိုလည်း သာမန်ဝန်ထမ်းအနေနဲ့ကျွန်တော်ဆက်ဆံနေတာမဟုတ်ဘူး ကျွန်တော့အတွက်အရေးကြီးတဲ့လူဆိုတာ မားသိထားပေး"

"ကျန့်ကျန့်! နေပါအုံး ဒါဆို...အဲကလေးက?"

"ဟုတ်တယ် ဝမ်လေးပဲ"

"ကျန့်ကျန့်! ကလေးဘဝကသိခဲ့တဲ့သူကို ဘာလို့အရေးတယူလုပ်နေရတာလဲ ကျေးဇူးရှိခဲ့ဖူးတယ်ဆိုလည်းထားပါတော့ သားအနေနဲ့တစ်ခုခုလုပ်ပေးချင်တယ်ဆိုရင်လည်း ရာထူးတစ်ခုခုတိုးပေးလိုက်လေ"

Falling For YouWhere stories live. Discover now