7

2.7K 237 6
                                    

"မင်္ဂလာပါ ငါ့နာမည်က ဖန်ရှင်း သူက ချီချီ ငါတို့ဒီမှာထိုင်လို့ရလား"

ရိပေါ်ပါးစပ်ထဲ ထမင်းတွေ ပလုပ်ပလောင်းဖြစ်နေတာမို့ ခေါင်းပဲငြိမ့်ပြလိုက်တော့ သူ့ရှေ့မှနှစ်ယောက်က အသီးသီးဝင်ထိုင်ကြသည်...၊

"မင်းစားတာ အားရစရာကြီး နေပါအုံး အသီးအရွက်ကြော်တွေပဲယူလာတာလား အသားဟင်းမယူဘူးလား"

စကားမပြောနိုင်သေးတဲ့ရိပေါ်က ခေါင်းကိုအရင်ခါပြပြီး ဘေးကရေခွက်ကိုယူကာ ရေကိုမော့သောက်သည်...ပြီးမှ...

"ငါနာမည်က ဝမ်ရိပေါ် ငါက အသားထက်အသီးအရွက်ပိုကြိုက်လို့"

"အော် ရိပေါ် အဲဒါကြောင့်ထင်တယ် မင်းရဲ့အသားအရည်ကစိုပြေနေတာပဲ"

*ဟီး

"ဟေ့ရောင် ဒီမှာလုပ်ရတာလေ celebrity တွေ တော်တော်များများတွေ့ရတာနော် ငါတော့ အရမ်းသဘောကျတာပဲ ချီချီဆို သူ့မင်းသားတွေ့လိုက်လို့ ထခုန်မိသေးတယ်"

ဖန်ရှင်းက စားတာနည်းနည်း စကားများများပြောနေသလို ဘေးကချီချီကတော့ ထမင်းကိုပဲအာရုံစိုက်စားနေတယ်...

ရိပေါ်ကတော့ သူ့နားလူရှိနေတာမို့ တစ်ယောက်တည်းစားတုန်းကလို မဟုတ်တော့ပဲ တစ်ဇွန်းဆိုတစ်ဇွန်းပုံမှန်ပြန်ဖြစ်သွားသည်....

"ငါတို့ နောက်ဆိုဆိုင်ခွဲတွေဘာတွေချိန်းစရာလိုလားမသိဘူးနော် အဲဒါမမေးမိဘူး"

"နှစ်လတစ်ခါလောက်တော့ ချိန်းရမယ်တဲ့ ငါမေးကြည့်တယ်"

"အော် ချီချီကဒါတော့တော်သွားပြန်ပြီ မင်းသိလားရိပေါ် သူလေ မင်းသားကိုငေးတာ ခလုတ်တိုက်သွားသေးတယ် ငါခံနေလိုပဲမဟုတ်ရင် အရှက်ကွဲပီ ဟိ"

"နင်နော် လူရှေ့ဆိုတာနဲ့ပြောပြီ ရိပေါ် သူနဲ့ကြည့်ပေါင်း သူကလူထူရင်ဝဲကုတ်တတ်တယ်"

"ဟမ် ဘာအဓိပ္ပာယ်ကြီးလဲ"

"အော် လူရှေ့လုပ်သင့်လားမလုပ်သင့်လား ပြောသင့်လားမပြောသင့်လားမစဉ်းစားတာ ဝဲယားလို့မနေနိုင်လို့ကုတ်တာနဲ့တူမနေဘူးလား"

"ဟား နင့်ဥပမာကလဲ"

"အယ် အယ် သူရယ်တယ်တွေ့လား ငါပြောသားပဲဖန်ရှင်းရဲ့ ရယ်တတ်လောက်မှာပါလို့"

Falling For YouWhere stories live. Discover now