6

3K 235 5
                                    

📲📲📲

📲📲📲

မနက်ခင်းစောစောမြည်လာသည့်ဖုန်းသံကြောင့် စောင်ပုံထဲကနေလက်တစ်ဖက်ထွက်လာပြီး အသံကြားရာလိုက်စမ်းနေသည်....၊

"ဝမ်ရိပေါ် စောစောစီးစီးကွာ ဖုန်းအမြန်ကိုင်စမ်း"

အောက်ကုတင်ကနေ ကိုကြီးရဲ့အသံကြောင့် အိပ်ချင်မူးတူးဖြင့်ငုတ်တုပ်ထထိုင်မိပြီး ဖုန်းကိုကောက်ကိုင်လိုက်ရသည်...

📲 ဟယ်လို

📲 ဝမ်ရိပေါ်လားရှင့်

📲 ဟုတ်ကဲ့

📲 ဟုတ်ကဲ့ ဝမ်ရိပေါ်ကို ကျွန်မတို့ X Beauty Saloon ကနေ အလုပ်ခန့်ဖြစ်တယ်ဆိုတာလှမ်းပြောတာပါရှင့် မနက်ဖြန် ၈နာရီအရောက်ရုံးကိုလာခဲ့ရပါမယ်နော်

📲 ဟုတ်ကဲ့.....ဘာ!!!!! အ အလုပ် ခန့်ဖြစ်တယ်

ပြူးသွားတဲ့မျက်လုံးတွေနဲ့ နားမှာကပ်ထားတဲ့ဖုန်းကိုခွါပြီး နံပါတ်ကိုကြည့်လိုက်မိတယ်...နံပါတ်အစိမ်းလဲဖြစ် တကူးတကလှမ်းနောက်မည့်သူလဲမရှိတာမို့ သေချာလောက်သည်...။

📲 ဟုတ်ကဲ့ရှင့် မနက်ဖြန်၈နာရီလာခဲ့ပါနော် ကျေးဇူးပါရှင့်

📲 ဟုတ် ဟုတ်ကဲ့ ကျေးဇူးပါဗျ

ဖုန်းကိုနားမှာကပ်ထားလျက်နဲ့ပင် ကြောင်တောင်တောင်ဖြင့် ရိပေါ် ဆက်ထိုင်နေမိသည်....၊

"ရိပေါ် ဝမ်ရိပေါ်!!"

"ဟမ် ဗျာ ဗျာ"

"ခုနကဘာဖြစ်တာလဲ ဘယ်ကဖုန်းလာတာလဲ"

"အာ အဲဒါလေ ကိုကြီး ရိပေါ်အလုပ်ရပြီသိလား ဟို X Group က ပိုင်တဲ့ beauty saloon မှာရတာ အခုထိကိုမယုံနိုင်သေးဘူး"

"beauty saloon? ဟက် ဘာအထင်ကြီးစရာလိုလို့လဲ နေအုံး ဒါဆို အလုပ်ရတဲ့အထိမ်းအမှတ်နဲ့ငါ့ကိုတစ်ခုခုဝယ်ကျွေးစမ်းပါ ဗိုက်ကဆာလာပြီ"

*သူကျ အထင်ကြီးစရာ ဘာအလုပ်မှမရှိပဲနဲ့

ရိပေါ် သူ့အစ်ကိုကိုပါးစပ်ကသာပွစိပွစိပြောနေတာ လက်ကဖုန်းမှာ food delivery မှာလိုက်ပြီ။

တကယ်တော့ သူ့အစ်ကိုကအပြောသာဆိုးတာ တခြားလဲကောင်းမနေဘူး၊ မဝယ်ကျွေးဘူးဆိုရင် တနေကုန်လိုက်ပြီး စကားနာထိုးပြောနေတော့မှာ ရိပေါ်ကအေးဆေးပဲနေချင်တာ စိတ်ရှုပ်လဲမခံချင်သလို နားငြီးလဲမခံနိုင်ဘူး....၊

Falling For YouWhere stories live. Discover now