21

2.6K 226 9
                                    

ဝမ်ရိပေါ်တစ်ယောက် စိတ်ကောက်တယ်လည်းမဆိုသာ စိတ်ဆိုးနေတာလည်းမဟုတ်တဲ့ အမူအယာတွေနဲ့ ရှောင်းကျန့်ကို ဆန္ဒပြနေတယ်....
ရှောင်းကျန့်တစ်ခွန်းဆို တစ်ခွန်းပဲလုပ်နေတဲ့ကောင်လေးက နှုတ်ခမ်းတွေကိုတင်းတင်းစေ့နေပုံကိုကြည့်ရတာ သူမကျေမနပ်ဖြစ်နေပါတယ်ပေါ့....။

မနေ့ကပင်လယ်ထဲခေါ်သွားတဲ့အရှိန်နဲ့ ညဘက်ကျ ရိပေါ်ကိုယ်တွေပူပြီးအဖျားတက်လာတယ်....တစ်ညလုံးကယောက်ကတမ်းဖြစ်နေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်မှာမိုးလင်းပေါက်ထိပင်သေချာမအိပ်ရဘူး....၊
ရှောင်းကျန့်မှမဟုတ်ဘူး လိုအပ်သမျှလှမ်းလှမ်းခိုင်းနေရတဲ့ ခြံစောင့်ဦးလေးပါမနေရတာ....။

မနက်ရောက်ခါနီးမှ အဖျားကျပြီးအဆင်ပြေသွားတဲ့ ဝမ်ရိပေါ်ကတော့ သူမလုပ်ချင်တာအတင်းလုပ်ခိုင်းလို့ မကျေနပ်ပါဘူးဆိုတဲ့အမူအယာနဲ့ ရှောင်းကျန့်ကိုအဖက်မလုပ်တော့ဘူး....။

"ပစ္စည်းတွေစုံပြီလား"

"စုံပြီ"

"ဒါဆို ဦးလေး ကျွန်တော်တို့ပြန်မယ် ခြံကိုစောင့်ရှောက်ပေးထားပါအုံး"

"ဟုတ်ကဲ့ပါသူဌေး စိတ်ချပါ....ကောင်လေးနောက်တခါလဲလိုက်ခဲ့အုံး နော့"

ခြံစောင့်ဦးလေးက ရိပေါ်ကိုဘာထင်နေလို့လဲမသိ နောက်တခါပါလိုက်ခဲ့ဖို့ခေါ်နေတယ်....
ရိပေါ်ကတော့ မချိပြုံးလေးပြုံးပြရင်း စိတ်ထဲကနေမှ....

*တော်ပါပြီ ဟွန့်....

ကားပေါ်မှာလည်း တစ်လမ်းလုံးရှောင်းကျန့်ကိုစကားမပြောလာပေမဲ့ ရှောင်းကျန့်ပေးသမျှမုန့်တွေတော့စားလာခဲ့တယ်....
စားလိုက် အိပ်လိုက်နဲ့လုပ်လာတာများ ရှောင်းကျန့်ကို ပင်ပန်းနေလားဘော့စ်လို့တစ်ခွန်းမှ မေးမလာခဲ့ဘူး....

အလုပ်တွေကိုယွီပင်းနဲ့လွှဲခဲ့ပေမဲ့ noti off ထားတဲ့ ရှောင်းကျန့်ရဲ့ဖုန်းဟာ မြို့ထဲအရောက်မှာ ပြန်ဖွင့်လိုက်တာနဲ့ စုပြုံပြီး အသံတွေထွက်လာတယ်....

ရိပေါ်ကို ဒီနေ့တစ်ရက်နားစေချင်ပေမဲ့ အခွင့်အရေးမယူတတ်တဲ့ကောင်လေးက အလုပ်ပဲသွားပါမယ်ဆိုတာကြောင့် ဆိုင်ကိုပဲမောင်းလာခဲ့တယ်...သို့ပေမဲ့ ဆိုင်ရှေ့ရောက်ရင်ချော့မယ်ဆိုတဲ့ရှောင်းကျန့်ရဲ့အတွေးဟာလဲ ရပ်တန့်သွားခဲ့တယ်....၊ဘာ့ကြောင့်လဲဆို ဆိုင်ရှေ့ကားအရပ်မှာပဲ မားနဲ့ယွင်အာထွက်အလာနဲ့တိုးသွားတာမို့ ရှောင်းကျန့်ဟာကျစ်စုပ်လိုက်မိသည်.....

Falling For YouWhere stories live. Discover now