24

2.6K 234 7
                                    

"စိတ်ချရပါပြီ ဆေးထိုးပေးထားပြီဆိုတော့ သူနိုးလာတာနဲ့ ခံစားနေရတာတွေသက်သာသွားမှာပါ"

"အင်း....တခြားရော?"

ရှောင်းကျန့်သိချင်တာကို သိသည့်အလား ဆရာဝန်တစ်ဖြစ်လည်း ရှောင်းကျန့်ရဲ့သူငယ်ချင်းဖြစ်သူ ဟိုက်ခွမ်းက ပြုံးရယ်ရင်း ပခုံးပုတ်ကာ ပြုံးစစဖြင့်....

"ဘာမှမဖြစ်ထားဘူး မင်းရောက်သွားတာစောသွားလို့ကံကောင်းသွားတယ်ထင်တယ်"

"ဟုတ်တယ် ဒါပေမဲ့ ငါရောက်သွားတဲ့အချိန် အဲလူ၃ယောက်ကလေ ဝမ်လေးကို....တောက်! ယွင်မိသားစုက ငါ့ကိုစိန်ခေါ်နေပြီပဲ ဟိုက်ခွမ်း"

"မင်းစိတ်လျှော့အုံး ရှောင်းကျန့် မနက်ဖြန် မင်း ယွင်အာကိုမေးခဲ့ရင်လဲ သူကပေါ်တင်လိမ်မှာပဲ ထပ်ပြီးတော့ ရိပေါ်ကိုအပြစ်တင်လိမ့်မယ်"

"ဆိုတော့ ငါကဒီတိုင်းရှော်ပေးလိုက်ရမယ်ပေါ့"

"ငါဆိုလိုတာအဲလိုမဟုတ်ဘူး အခုချိန်မှာ ရှောင်းအားရီကလည်း သူ့ဘက်ပါနေတာလေ ရိပေါ်လိုလူမျိုးကြောင့်နဲ့ ပြသာနာရှာရမလားဆိုပြီး မင်းကိုဝိုင်းပြောကြလိမ့်မယ် မင်းကဘာမှမဖြစ်ပေမဲ့ အပြောခံရမဲ့ရိပေါ်က ရှေ့ဆက်ဘာဆက်ဖြစ်နိုင်မလဲ မတွေးနိုင်ကြဘူးလေ"

ဟိုက်ခွမ်းစကားအဆုံးမှာ ရှောင်းကျန့် သက်ပြင်းချရင်း ရိပေါ်အိပ်နေရာကုတင်ခြေရင်းမှာဝင်ထိုင်လိုက်သည်....၊
စိတ်ရှုပ်ထွေးနေသည့်အလား လက်နှစ်ဖက်ဖြင့် မျက်နှာတွေပါပွပ်သတ်နေမိတယ်....

"အခုချိန်မှာ မင်းနဲ့ရိပေါ်နဲ့က ဘာမှမသက်ဆိုင်သေးတဲ့အတွက် ဘာပဲဖြစ်လာဖြစ်လာ နစ်နာရမှာ ရိပေါ်ပဲရှောင်းကျန့်"

"မသက်ဆိုင်သေးရင် သက်ဆိုင်အောင်လုပ်လို့ရတယ်...မင်းပြောသလိုပဲ အခုချိန်မှာငါဘာမှလုပ်လို့မရနိုင်တာတော့မဟုတ်ဘူးဟိုက်ခွမ်း မင်းကြည့်နေ ငါတစ်ခုခုတော့ပြန်လုပ်ရလိမ့်မယ်"

"ဟားဟား အေးပါကွာ ငါ့သူငယ်ချင်းကြီးက ကျားဖက်လိုက်တော့ တစ်လောကလုံးဟိန်းသံလွှမ်းချင်နေပြီပေါ့"

"ဘာလဲဟ မင်းဟာက ထားတော့ ပြန်တော့မလား ငါ လိုက်ပို့မယ်"

"ရတယ် ရိပေါ်အနားပဲနေပေးလိုက် သူနိုးလာရင် လန့်ချင်လန့်နေအုံးမှာ"

Falling For YouWhere stories live. Discover now