"ကိုကိုး ဘာလို့....ဘာလို့ ကိုကိုးအိမ်လဲ"
ညစာသွားစားမယ်ဆိုလို့လိုက်လာမိတဲ့ရိပေါ်တစ်ယောက်ဟာ ရှေ့ကစံအိမ်ကြီးမြင်တော့ လက်တုန်ခြေတုန်ဖြစ်လာတယ်.....၊ ပြသာနာတွေရှင်းသွားပြီးနောက်ပိုင်း မေမေကြီးနဲ့သူမတွေ့ဖြစ်သေးသလို ပိုက်ဆံစုနေသေးတဲ့ရိပေါ်ကလည်း ကိုကိုးဘယ်လိုပင်ဖြေရှင်းပေးပေး ယုံကြည်လို့အပ်နှံထားတဲ့ပိုက်ဆံတွေ ပျောက်သွားရတာဟာ သူနမော်နမဲ့နိုင်လို့ဖြစ်ရတာလို့တွေးမိတာမို့ မဖြစ်မနေပြန်ပေးရမှာဟု ဆုံးဖြတ်ထားသည်....၊ သို့ပေမဲ့ ဖန်ရှင်းနဲ့ချီချီတို့ချေးပေးထားတဲ့ဟာကိုလတ်တလောအရင်ဆပ်ပေးရအုံးမည်မို့ မေမေကြီးကို စိတ်ထဲမှသာတောင်းပန်နေမိတယ်....
"အိမ်တော်ထိန်းကို ညစာစားဖို့အားလုံးပြောထားပြီးပြီဝမ်လေး"
"ဒါပေမဲ့..."
"ကိုကိုးကိုယုံတယ်မလား"
"..."
ခေါင်းငြိမ်လက်ခံမိပေမဲ့ စိတ်ထဲစိုးရိမ်စိတ်ကတော့အပြည့်.....
အိမ်ထဲဝင်တာနဲ့ ကိုကိုးကရိပေါ်ရဲ့လက်ကိုမလွှတ်တမ်းကိုင်ထားပေးတယ်...ထမင်းစားခန်းနားရောက်တော့...
"ပြင်ထားတာများလှချည်လား"
"ဟုတ် အဲဒါ....အစ်ကိုလေးကဧည့်သည်ပါလာမယ်ဆိုလို့ပါ"
"ဧည့်သည်?"
"ဧည့်သည်ဆိုပေမဲ့ သူစိမ်းမဟုတ်ပါဘူးမား"
ထမင်းစားခန်းမှာ အိမ်တော်ထိန်းနဲ့မေမေကြီးပြောနေတုန်း ရိပေါ်လက်ကိုဆွဲပြီးဝင်လာတဲ့ရှောင်းကျန့်ကြောင့် မေမေကြီးမျက်နှာပျက်သွားတယ်....
"ပါပါးရော အိမ်တော်ထိန်းအဆင်သင့်ဖြစ်ပြီဆို ပါပါးကိုခေါ်တော့လေ"
"ဟုတ် ဟုတ်ကဲ့အစ်ကိုလေး"
ရှောင်းကျန့်က ခုံကိုဆွဲကာ ရိပေါ်ကိုနေရာပေးတယ် ရိပေါ်ထိုင်ပြီးမှ ဘေးကနေဝင်ထိုင်လိုက်သည်....
"မာမားထိုင်လေ ထမင်းစားချိန်ရောက်နေပြီမလား ကျွန်တော်အချိန်ကိုက်ဖြစ်အောင်လာခဲ့တာ"
YOU ARE READING
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....