30

2.6K 226 7
                                    

"ယွင်အာနဲ့စေ့စပ်ပွဲဖျက်မယ်"

နှစ်ဖက်မိဘစုံညီနေတဲ့အချိန်မျိုးမှာပြောလိုက်တဲ့ ရှောင်းကျန့်ရဲ့စကားကြောင့် အားလုံးလှုပ်လှုပ်ရွရွဖြစ်ကုန်ကြတယ်....

"သားကျန့် "

"ကျန့်ကျန့်!"

"ဥက္ကဌရှောင်း စေ့စပ်ပွဲကလူသိရှင်ကြားဖြစ်နေပြီလေ မင်း ငါ့တူမလေးကို ဘယ်လိုသဘောထားနေတာလဲ"

"ခင်ဗျား ဘာမှဝင်ပြောစရာမလိုဘူးကောင်းမု"

"မင်း!"

မန်နေချာချုပ်ကောင်းမုက ဒေါသထွက်စွာနဲ့မတ်တပ်ထရပ်လိုက်တော့ ယွင်ဥက္ကဌကလက်ဆွဲပြီးတားမြစ်တယ်...

"သားကျန့်က ဦးလေးရဲ့သမီးနဲ့ဘာလို့များစေ့စပ်ပွဲဖျက်သိမ်းချင်တာလဲသိလို့ရမလား"

"ရှင်းပါတယ် ယွင်မိသားစုနဲ့ဆက်နွယ်နေမှုကိုဖျက်လိုက်တာပါ"

"ဘာ! သားကျန့် မင်း မင်း...လက်တွဲလာခဲ့တဲ့သံယောဇဉ်တောင်မထောက်..."

"နိုး....မှားနေပြီ ယွင်လုပ်ငန်းစုနဲ့ရှောင်းလုပ်ငန်းစုကလက်တွဲလာတာမဟုတ်ဘူး ရှောင်းလုပ်ငန်းစုကိုမှီပြီး ယွင်လုပ်ငန်းကလည်ပတ်နေတာ"

"မင်း! ဥက္ကဌကြီးတို့ကြားတယ်မလား ကျွန်တော်တို့အစကတည်းကပြောတယ် ဒီလိုလူငယ်တစ်ယောက်က လုပ်ငန်းကြီးကိုမအုပ်ချုပ်နိုင်ပါဘူးလို့ အခုလိုကလေးကစားသလိုလုပ်နေတာ ဥက္ကဌကြီးတို့ဘာမှဝင်မပြောတော့ဘူးလား"

"သားကျန့် မင်း ပါပါးတို့ကိုဘာမှမတိုင်ပင်ပဲဘာတွေလုပ်နေရတာလဲ"

"ဟုတ်တယ်ကျန့်ကျန့်  သားဘာဖြစ်နေတာလဲ"

"ဟင်း....ဘာဖြစ်နေလဲဆိုတော့ တရားမဝင်တဲ့လုပ်ငန်းတွေလုပ်နေတဲ့မိသားစုနဲ့မပတ်သတ်ချင်တော့သလို ကျွန်တော့အပိုင်ကိုလာလာထိနေတာ တစ်ခါ နှစ်ခါမကတော့ဘူးမို့လို့လေ ယွင်ဦးလေးတို့ကိုကျွန်တော်သတိပေးထားပါတယ် ဟက်!"

"ဒါဆို မင်း! ဟိုတခါက..."

"ဘင်ဂို! အခုတော့သိပြီမလား အစကတော့သည်းခံအုံးမလို့ပါပဲ ယွင်အာကမလိမ္မာဘူးလေ အဲတော့ ဆုံးမချင်ရင် ကိုယ့်သမီးကိုပဲဆုံးမကြ"

Falling For YouWhere stories live. Discover now