39

2.5K 179 10
                                    

"ဒီနေ့ရော ဝမ်ရိပေါ်ဘာလုပ်နေလဲ"

"အလုပ်ကနေ သူ့အဖေဆိုင်ကိုပဲတန်းသွားပါတယ်ဘောစ့်"

ဥက္ကဌရှောင်းဆီကို ဝမ်ရိပေါ်ရဲ့နောက်ကိုလိုက်တဲ့လူတွေကအချိန်နဲ့တပြေးညီမှတ်တမ်းတင်ပုံတွေ ပို့တတ်ပေမဲ့ ယွီပင်းကိုလည်း ထိုသို့မေးခွန်းတွေမေးပြီး အတည်ပြုတတ်ပြန်တယ်....

လူသိရှင်ကြားမဟုတ်သေးတဲ့ relationship မို့ ဥက္ကဌရှောင်းဟာ စီးပွါးရေးမှာဘာထိခိုက်မှမရှိပေမဲ့ နှလုံးသားရေးမှာတော့ အတော်လေးထိခိုက်မှုများနေတယ်....

ယွင်လုပ်ငန်းစုကိုတော့ဖြင့် တရားမဝင်လုပ်ငန်းစုတွေလုပ်နေတဲ့ နိုင်ငံမှာ ဥက္ကဌရှောင်းဟာ သူ့ရဲ့အာဏာအလုံးစုံကိုသုံးပြီး ဖမ်းဝရမ်းထုတ်ကာ ရှာဖွေနိုင်အောင်ကြိုးစားခဲ့တယ်....
ငွေကြေးဘယ်လောက်ပင်ကုန်ကုန် ဥက္ကဌရှောင်းရဲ့ရည်ရွယ်ချက်က ယွင်လုပ်ငန်းစုကြီးပျက်စီးသွားဖို့ပဲ....

"ဒါပေမဲ့....."

"ဒါပေမဲ့ ဘာဖြစ်လည်း"

macbook ကိုအကြည့်မပျက်တဲ့ ရှောင်းကျန့်က ယွီပင်းရဲ့စကားရပ်သွားသောကြောင့် မျက်မှောင်တချက်ကြုံ့ရင်းမေးတယ်...

"ကောင်းမုဆိုတဲ့လူကတော့ ရိပေါ်ကိုအလုပ်အကြိုအပို့တွေလုပ်နေတာတွေ့ရပါတယ်ဘော့စ်"

ယွီပင်းရဲ့စကားအဆုံးမှာ ကီးဘုတ်ပေါ်ပြေးလွှာနေတဲ့ ရှောင်းကျန့်ရဲ့လက်တွေရပ်သွားပြီး ယွီပင်းကိုကြည့်လာတယ်....

"ရိ ရိပေါ်လဲ ငြင်းဆန်မှုမရှိပဲလိုက်သွားတာတွေ့ရပါတယ်ဘော့စ်"

"နားလည်ပြီ ငါစုံစမ်းခိုင်းတာရော စုံစမ်းပြီးပြီလား"

"ဟုတ်ကဲ့ တကယ်တော့ ရိပေါ်ရဲ့အမေနဲ့အစ်ကိုက ကောင်းမုဆီကနေ အကြွေးတွေတော်တော်များများတင်နေပါတယ် ဒါကလဲ ကောင်းမုရဲ့တစ်ဖက်လှည့်နဲ့အကြွေးမတင်တင်အောင်လုပ်ထားတာပါ ရိပေါ်ရဲ့အမေသွားသွားနေတဲ့နေရာက ကောင်းမုအပိုင်လို့ပြောပါတယ်"

Falling For YouWhere stories live. Discover now