"ရိပေါ် ရိပေါ် ဘာလို့ငိုနေတာလဲ မထိတ်သာမလန့်သာရှိလိုက်တာဟယ်"
လုပ်ငန်းခွင်ထဲပြန်မဝင်လာသေးတဲ့ရိပေါ်ကြောင့် ဖန်ရှင်းနဲ့ချီချီတို့ ရိပေါ်ကိုလိုက်ရှာကြရာ locker ခန်းထဲ အသံတိတ် ငိုနေတာကိုတွေ့လိုက်ရတယ်....
သူတို့လဲလန့်သွားကြပြီး ရိပေါ်နားသွားလိုက်ကြတော့ မျက်ရည်တွေစိုရွှဲနေရက်နဲ့မော့ကြည့်လာတယ်...."ဟင့် ဖန်ရှင်း ချီချီ"
"အင်း ရိပေါ်ဘာဖြစ်တာလဲ နင့်ကိုဘယ်သူလုပ်တာလဲ ငါတို့ကိုပြော"
"ငါ ငါ....ငါ့ကို သိန်း၅၀လောက်ချေးကြပါလားဟင် အခု အခု...ရမှဖြစ်မှာ"
"သိန်း၅၀! ဒီလောက်များတဲ့ပိုက်ဆံ ဘယ်လိုရမှာလဲ ပြီးတော့ နင်ကအဲပိုက်ဆံတွေဘာလုပ်မို့လဲ"
"ငါ မသိဘူး အင့်! အခုလောလောဆယ် အဲပိုက်ဆံလိုချင်တာပဲသိတယ် အီးဟီးဟီး ဟင့်!"
"ရိပေါ်စိတ်ထိန်းစမ်း ငါတို့ကိုပြော သေချာပြော"
"ဟင့်! ဖန်ရှင်း ငါ့ကို ငါ့ကိုမေမေကြီးက ယုံကြည်လို့ပိုက်ဆံအပ်ထားတာ အခုအဲပိုက်ဆံမရှိတော့ဘူး မရှိတော့ဘူးလို့"
"သိန်း၅၀တောင်မေမေကြီးက မင်းဆီဘာလို့အပ်ထားရတာလဲ ရိပေါ်ရာ...."
"ကိုကိုးတို့မသိအောင်လှည့်ထားတဲ့ပိုက်ဆံမို့လို့တဲ့ သူခရီးကပြန်လာတာနဲ့ပေးရမှာ...."
"ငါတို့မှာလည်း အဲလောက်ပိုက်ဆံဘယ်ရှိပါ့မလဲရိပေါ်ရာ....ဒီလိုလုပ်ကြည့်ရင်ရော ဒီအခန်းမှာ cctv တပ်ထားတယ်လေ အဲဒါသွားကြည့်ရင်ရော"
ဖန်ရှင်းပြောတာကို ချီချီကလဲထောက်ခံပေမဲ့ ရိပေါ်ကခေါင်းခါတယ်....
"ငါတို့ကဘယ်လိုပြောပြီးသွားကြည့်မှာလဲ သိန်း၅၀ပျောက်သွားတယ်လို့လား အဲလိုပြောတော့ရော ဘယ်သူကယုံမှာလဲ....ငါတို့ပစ္စည်းပျောက်တယ်ပြောရအောင်လည်း ငါတို့မှာဘာတန်ဖိုးကြီးကြီးကြီးမားမားမှမပိုင်ဆိုင်တာ အားလုံးသိတာပဲဟာကို..."
"ရိပေါ်ရာ...."
ရိပေါ်လိုပဲ ဘေးမှာရှိနေကြတဲ့ဖန်ရှင်းရော ချီချီရော ကြံရာမရဖြစ်ကုန်တယ်....
YOU ARE READING
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....