19

2.5K 242 11
                                    

"ဘော့စ် သောက်ပါဗျ စိတ်ညစ်နေတဲ့အချိန်ရယ် ရာသီဥတုအေးနေတဲ့အချိန်ရယ်ဆို ဝိုင်လေးကသောက်လို့အကောင်းဆုံးပဲ ဟီး"

လေသာဆောင်ရဲ့အမိုးအောက်မှာ ရှောင်းကျန့် သူ့ဖန်ခွက်ထဲဝိုင်ငဲ့ပေးလိုက် ကိုယ်တိုင်သောက်လိုက်လုပ်နေတဲ့ဝမ်ရိပေါ်ကို ဒီတိုင်းကြည့်ရင်း လွှတ်ပေးထားလိုက်တယ်...
အမူးသမားလေးအကြောင်းသိနေတာမို့ နှစ်ယောက်တည်းရှိနေတဲ့အချိန်သာခွင့်ပြုနိုင်တာ။
အခုဆို သူကစိတ်ညစ်နေတဲ့သူလား ရေချိန်တော်တော်ကိုက်နေတဲ့ဝမ်ရိပေါ်က စိတ်ညစ်နေတဲ့သူလားမသဲကွဲတော့ဘူး......

ပုံမှန်ဆို ရှောင်းကျန့်တစ်ယောက်ထဲ သောက်လိုက် အလုပ်လေးနဲနဲလုပ်လိုက်နဲ့အချိန်ဖြုန်းတတ်တယ်...အခုခါကျတော့ ဝမ်ရိပေါ်ကိုပါခေါ်လာပြီး သူကပြန်ထိန်းနေရတော့မယ်အဖြစ်ပင်....။

"သူဌေးလေး အမြည်းထပ်လုပ်ပေးရအုံးမလားခင်ဗျ"

"မလုပ်......"

"အကင်လေးပိစိလေးလောက်ရအုံးမလားဦးလေး ဟီး ဦးလေးကင်ပေးတဲ့ ကြက်ပေါင်လေးက နူး.....အိပြီး မြည်းလို့ အဲ စားလို့ကောင်းလို့ ရိပေါ်ကိုနည်းနည်းလောက်ပေးပါအုံးနော် ဘော့စ်ကိုပြန်မပြောဘူးလို့ နော်"

ခြံစောင့်ဦးလေးက ရှောင်းကျန့်ဘက်တချက်လှမ်းကြည့်တော့ လုပ်ပေးလိုက်ပါဆိုပြီး ခေါင်းငြိမ့်ပြလိုက်တာမို့ ခြံစောင့်ဦးလေးလဲ ရိပေါ်အတွက်အကင်လုပ်ပေးရန်ပြန်ထွက်သွားသည်....

ခြံစောင့်ဦးလေးမေးလဲမေးချင်စရာ အကင်ဆိုတာ စချကတည်းက စားလိုက်တဲ့အစား မသောက်ခင်ကလဲစား သောက်နေရင်းနဲ့လည်းစားနေတဲ့ ဝမ်ရိပေါ်က ပါးတွေလဲဖောင်းနေသလို ဗိုက်လဲတော်တော်ပူနေလောက်ပီ....

အင်း.....ငယ်ငယ်တုန်းကတော့ ပါးတစ်လုံးတစ်လုံးက ပေါက်စီတစ်လုံးစာလောက်ရှိပေမဲ့ အခုတော့ အရွယ်ရောက်လာလိူ့ထင်ပါရဲ့ သိပ်မဖောင်းတော့ဘူး အဲ...အစားမဝင်တဲ့အချိန်ပေါ့ အစာမြုံထားရင်များ ငယ်ငယ်ကဝမ်ရိပေါ်ပြန်ဖြစ်သွားရော......

ကလေးပိစိကသူ့ကိုမမှတ်မိတော့သလို ငယ်စဉ်ကပေးခဲ့တဲ့ကတိလဲသတိရပုံမပေါ်တော့ဘူး....
ကလေးစိတ်နဲ့ဆိုတော့လည်း ဘယ်နားလည်ပါ့မလဲလေ.....
အရွယ်ရောက်လာလို့ မပြေလည်တော့တဲ့ပုံပေါက်တဲ့ ဝမ်လေးက ဘယ်လောက်တောင်အခက်အခဲတွေရင်ဆိုင်ခဲ့ရမလဲ...။

Falling For YouWhere stories live. Discover now