"ပါပါးသိလား အခုအလုပ်ကလူတွေကလေ သဘောကောင်းကြတယ် အရင်အလုပ်တွေနဲ့မတူဘူး အရမ်းအဆင်ပြေတာပဲ"
"သားက ဘယ်တုန်းကအဆင်မပြေပါဘူးပြောဖူးလို့လဲ"
"အာ...ဟီး ကျွန်တော် ပြောဖူးတယ်ထင်လို့ ဒါပေမဲ့ အခုအလုပ်ကတကယ်ကြီးအဆင်ပြေတာပါပါးရဲ့ သူဌေးကအစ အဲ...သူဌေးက နဲနဲတော့ ဇီဇာကြောင်သလိုလို မာနကြီးသလိုလို အဲလိုတော့ရှိတယ်"
"အေးပါ ငါ့သားအဆင်ပြေရင်ပြီးရော ပါပါးအတွက်လည်းစိတ်ပူမနေနဲ့ ဆရာဝန်ပြောလိုက်တာကြားတယ်မလား လေ့ကျင့်ခန်းမှန်မှန်လုပ်ရင် ပြန်ကောင်းလာနိုင်တယ်တဲ့ ငါ့သားလေးဒီထက်ပိုပြီးမပင်ပန်းအောင် ပါပါးကလေ့ကျင့်ခန်းတွေသေချာလုပ်ပါမယ်"
"ပါပါးလုပ်နိုင်သလောက်ပဲလုပ်ပါ....တကယ်ဆို သားကအနီးကပ်ပြုစုပေးချင်တာ ဒါပေမဲ့....."
"ဘယ်တတ်နိုင်မှာလဲကွာ....မလိမ္မာတဲ့လူတွေကြောင့်သာ သားမှာ လိုတာထက်ပိုပင်ပန်းနေရတာ တကယ်ဆို သားကဘွဲ့ရပညာတတ်ကြီးဖြစ်ရမှာကွာ.... ပါပါးအသုံးမကျတာပါ..."
"မဟုတ်တာပါပါးရယ် အဲဒါတွေမတွေးပါနဲ့တော့နော် အခုလဲသားအဆင်ပြေပါတယ်"
"အော် ဒါနဲ့ ပါပါးဘီရိုရှင်းတုန်း သားရဲ့မှတ်စုစာအုပ်လေးတွေ့လို့ ကလေးတုန်းကထင်ပါတယ် အရုပ်ပုံတွေကြီးပဲ"
"ဟုတ်လား...ဟီး ဘာတွေလဲကြည့်ကြည့်အုံးမယ်"
"အင်း ဒါဆို သားလဲနားတော့ ပါပါးတရေးအိပ်အုံးမယ်"
"ဟုတ် ပါပါး ဒါဆို သားအခန်းပြန်လိုက်အုံးမယ်"
ပါပါးရဲ့အိပ်ယာလေးသေချာဖြန့်ခင်းပေးပြီးတော့ စာအုပ်လေးကိုင်ပြီး ရိပေါ်အခန်းဘက်ဆီထွက်လာသည်....၊
ဘော့စ်ရဲ့ကျေးဇူးနဲ့ ကံကောင်းစွာပဲ ပါပါးကိုဆေးခန်းပြနိုင်လိုက်တာမို့ ဘော့စ်ကို ရိပေါ်တော်တော်လေးကျေးဇူးတင်ရပါသည်....၊မာမားတို့များ ရိပေါ်ပိုက်ဆံတောင်းတာကို မရှိဘူးသားရယ် မာမားပိုက်ဆံရမှပြပါလားဆိုတဲ့ ဘယ်နေ့ပြရမှန်းမသိတဲ့ ကတိကိုလွယ်လွယ်ပေးနိုင်တယ်...၊
တကယ်ဆို မာမားတို့ နေစိမ့်လွန်းတယ်....ရိပေါ်ဆို ဒေါသထွက်ရင် မပြောမိအောင်ထိန်းရတာ အကြိမ်ပေါင်းမနည်းတော့ဘူး....။
YOU ARE READING
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....