"ကဲ မိသားစုကိုဒုက္ခပေးနေတဲ့ သားအမိနှစ်ယောက် ဘယ့်နှယ့်ရှိလဲ ဟမ်"
ဧည့်ခန်းမှာထိုင်နေတဲ့ ပါပါးက မာမားနဲ့ကိုကြီးကိုဦးတည်ပြောနေတာဖြစ်ပြီး ကိုယ့်အပြစ်ကိုသိတဲ့နှစ်ယောက်ကတော့ ခေါင်းသာငုံ့နေကြရုံ.....
"ကလေးအငယ်လေးက လူငယ်ပီပီ လွတ်လွတ်လပ်လပ်နေရမယ်မရှိဘူး ငါတို့သားငယ်လေး ငါတို့ညီငယ်လေး ဘာလိုအပ်မလဲ ဘာထောက်ပံ့ပေးရမလဲဆိုတဲ့စိတ်မရှိကြဘူး မင်းတို့တွေက ငါ့သားငယ်လေးကိုနောက်မိန်းမနဲ့ရလာတယ်ထင်နေကြတာလား ဒါမှမဟုတ် မွေးစားထားတယ်ထင်နေကြလားဟမ်!!!"
"ရှင် ဘယ်လိုပြောလိုက်တာလဲ ကျွန်မသားငယ်လေးကို ကျွန်မဝမ်းနဲ့လွယ်မွေးခဲ့တာရှင့်"
"အေး အဲဒါဆို မင်းတို့သားအမိတွေ သားငယ်အပေါ် တာဝန်ကျေကြလား ဘယ်နှခါများ အနစ်နာခံဖူးကြလဲဟမ်! ငါခြေထောက်မကောင်းတုန်းကလဲသူ့မှာ မိသားစုအခြေအနေကြောင့်ရုန်းကန်ခဲ့ရတယ် အခုလဲ မင်းတို့ကဒုက္ခပေးပြန်တယ် ဒီကြားထဲကလေးရဲ့နှလုံးသားရေးကိစ္စပါ မင်းတို့ကဝင်စွက်ဖက်ပြန်တယ် အခုတော့ မင်းတို့ရဲ့ကောင်းလှပါချည်ရဲ့ဆိုတဲ့အကောင်ကြောင့် ဒုက္ခရောက်ရပြီမလား ဖြေကြစမ်းပါ"
"ပါပါးရယ် သား သားတို့နောင်တရနေပါပြီ ညီလေးအပေါ်လဲဒုက္ခမပေးတော့ပါဘူး"
"အေး သားကြီး.... ပါပါးပြောမယ်.... မိသားစုတစ်ခုမှာ အစ်ကိုကြီးအဖရာဆိုတာပဲရှိတယ် ပိုက်ဆံမရှာနိုင်ဘူးဆိုရင်တောင် မိသားစုစိတ်ဓာတ်ရှိရတယ်ကွ ကိုယ့်မိသားစုအခြေအနေကိုကြည့်ပြီး နေတတ်စားတတ်ရတယ်....ကဲ ထားတော့ ကျန်တာဘာမှမပြောချင်တော့ဘူး မင်းတို့အမေကို တစ်ကိုယ်လုံးသန့်ရှင်းရေးလုပ်ခိုင်း ပြီးရင် ပဲပြားဟင်းချိုလုပ်ကျွေးလိုက်ကြကြားလား ပါပါးဆိုင်သွားတော့မယ်"
အသံတိတ်ငိုနေတဲ့မာမားကိုကြည့်ရင်း ပါပါးကတော့ ခေါင်းတခါခါဖြင့်ထွက်သွားတော့သည်.....၊
မနက်မိုးလင်းတာနဲ့ ရိပေါ်တို့တောင် ဘာမှမပြင်ဆင်ရသေးခင် ကိုကိုးရဲ့အတွင်းရေးမှူးက မာမားကိုအိမ်တိုင်ရာရောက်လာပို့ပေးခဲ့တယ်...
မာမားအိမ်ပြန်ရောက်တာနဲ့ ဧည့်ခန်းမှာမိသားစုတွေစုံစေပြီး ပါပါးမှစကားစပြောတော့တာပင်....
အရင်ကဆို မာမားတို့ဘာလုပ်လုပ် ဝင်ပြောလေ့မရှိတဲ့ပါပါးက ဒီတစ်ခါမှာတော့ တော်တော်လေးစိတ်ပျက်သွားဟန်ရှိတယ်.....
အဆိုးထဲကအကောင်းလို့ပြောရမလား....မာမားတို့လဲ အဖမ်းခံရတဲ့အခါမှာ တော်တော်လေးထိတ်လန့်သွားပုံရတာမို့ ပါပါးကိုတောင် ပြန်ချေမပနိုင်ကြရှာဘူး....
YOU ARE READING
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....