"ရိပေါ် ဒီနေ့ မျက်နှာလည်းမကောင်းပါလား ဘာပြသာနာရှိလို့လဲ"
နေ့လည်စာကို တို့ထိတို့ထိစားနေသောရိပေါ်ကြောင့် မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဖန်ရှင်းနဲ့ချီချီကမနေနိုင်တော့လို့မေးခြင်းပင်။
"ဘာမှမဖြစ်ပါဘူး...."
"မင်းကလဲ ငါတို့ကတကယ်စိုးရိမ်လို့မေးတာပါ ငါတို့ကူညီပေးနိုင်တာရှိရင်လဲ ကူညီပေးလို့ရတာပေါ့"
"အေးလေ ရိပေါ်ရယ်"
"ဟင်း...ငါ့အခက်အခဲကမင်းတို့မကူညီနိုင်ပါဘူး....ဒီလိုပါ ပါပါးအတွက်ဆေးခန်းပြဖို့ပိုက်ဆံကို မာမားယူသုံးလိုက်လို့"
"ဆေးခန်းကတစ်ခါပြရင်ဘယ်လောက်မို့လို့လဲ"
"ပါပါးက accident ကြောင့် အောက်ပိုင်းသေသွားသလိုဖြစ်နေတာလေ ကျန်းမာရေးကလဲသိပ်မကောင်းချင်ဘူး ဆေးခန်းကတစ်လတစ်ခါပဲပြရတာပါ တစ်ခါဆို ဆိုသလောက်လဲ ငါတို့တစ်လစာလောက်ရှိတယ်"
"ဟမ်! အေးလေ အဲလောက်တော့ရှိမှာပဲ ဒါတောင်မင်းအချိန်ပိုင်းတွေလုပ်သေးတယ်မလား"
"ဟုတ်တယ်....စိတ်ညစ်တယ်ကွာ...ဘာလုပ်ရမလဲမသိဘူး"
"ငါတို့လဲ နည်းနည်းပါးပါးဆိုပေးနိုင်ပါတယ် ဒါပေမဲ့ နင်လဲသိတဲ့အတိုင်း...."
ဖန်ရှင်းနဲ့ချီချီကလည်း မပြေလည်တဲ့မိသားစုကိုထောက်ပံ့နေရတဲ့သူမို့ ရိပေါ်နားလည်ပါသည်...ပြောရရင် ရိပေါ်ကမှသူတို့နှစ်ယောက်ထက်စာရင် အသက်ရှူချောင်သေးတယ်....၊
"ဟာ! ငါသိပြီ ရိပေါ် နင်လစာကြိုထုတ်ကြည့်ရင်ရော"
"ရ ရပါ့မလား ဒီမှာအဲလိုရတယ်မကြားဖူးဘူး ရတယ်ထားအုံး ငါတို့က ၃လမှမပြည့်သေးတာ"
"ဘာပဲဖြစ်ဖြစ် အစ်မကျူးကျူးကို ပြောကြည့်ပါလား"
"အင်း တခြားလဲနည်းလမ်းမရှိတော့ ငါပြောကြည့်လိုက်မယ်"
ရိပေါ်လဲ ဖန်ရှင်းတို့အကြံပေးသလိုလုပ်ရန် ထမင်းစားချင်းကိုမြန်မြန်လက်စသတ်လိုက်သည်....မဟုတ်ရင် အစ်မကျူးကျူးက မအားတာများနေတာမို့ ရိပေါ်စကားပြောခွင့်တောင်ရမည်မဟုတ်.....
YOU ARE READING
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....