5

2.9K 237 5
                                    

"ဝမ်ရိပေါ် ဝင်လို့ရပြီ"

နာမည်ခေါ်သံကြားတာနဲ့ ကျောပိုးအိတ်လေးလွယ်ပြီး အင်တာဗျူးဖြေရမဲ့အခန်းထဲဝင်ခဲ့သည်....၊
အခန်းတွင်းဝင်လိုက်တာနဲ့ အေးစက်စက်အနေအထားတွေကစီးကြိုနေပြီး ရိပေါ်ရဲ့စိုးရိမ်စိတ်တို့ကမြင့်တက်နေသည်။

အခုလိုမျိုး ကုမ္ပဏီကြီးမှာ အင်တာဗျူးမဖြေဖူးခဲ့တာကြောင့် အမှားမရှိအောင် ကိုယ့်ကိုကိုယ်ကလဲသတိပြန်ပေးနေရပြီး ရှေ့မှ လူသုံးယောက်ကိုဦးညွှတ်ပြီးနောက် နေရာမှာဝင်ထိုင်လိုက်သည်...၊

"နာမည်က ဝမ်ရိပေါ်နော်"

"ဟုတ်ကဲ့ခင်ဗျ"

ဘယ်ဘက်အခြမ်းမှာရှိသော X Beauty ယူနီဖောင်းနဲ့အမျိုးသမီးရဲ့မေးခွန်းကိုအရင်ဆုံးဖြေရသည်...။

"မောင်လေးရဲ့ cv မှာက အစ်မတို့လုပ်ငန်းနဲ့ပတ်သတ်ပြီး အတွေ့အကြုံမရှိဘူးနော်"

"အာ...ဟုတ်ပါတယ်ခင်ဗျ"

"ပြီးတော့ အလုပ်တစ်ခုနဲ့တစ်ခုကြားကလဲ ဝေးသလို အလုပ်တစ်ခုမှာလဲအချိန်နည်းနည်းပဲလုပ်တယ် ဘာ့ကြောင့်လဲရှင်းပြလို့ရမလား"

ထိုအမျိုးသမီးက ရိပေါ်အားနည်းချက်တွေထိုင်ရှာပြီးပြောနေသလိုဖြစ်တော့ ရိပေါ်မှာဇောချွေးပြန်လာရပြီ...၊

*ဘာလုပ်ရမှာလဲ မခန့်ရင်လဲ ဘာမှမမေးပါနဲ့တော့လား

"ဟို...အဲဒါကလေ တကယ်တော့ ကျွန်တော်လည်းအလုပ်တစ်ခုမှာအကြာကြီးနေချင်ပါတယ် ပြီးတော့ ဟို...တွေ့လားမသိဘူး ကျွန်တော်ကကျောင်းမပြီးသေးတာလေ အဲလိုဆိုတော့ ရုံးတွေမှာက နှိမ်ကြတယ် ပြသာနာတက်ရင်လည်း ကျွန်တော်ပဲခံရတာဆိုတော့ နောက်ပိုင်းအဆင်မပြေဖြစ်လာတာနဲ့ထွက်ဖြစ်တာပါ"

"အော်...ဒီမှာတော့ ဘာ့ကြောင့်အလုပ်လုပ်ချင်ရတာလဲ"

ဒီမေးခွန်းကိုတော့ ညာဘက်မှ ရာထူးကြီးဖြစ်ဟန်တူတော့လူတစ်ယောက်မှမေးတာဖြစ်တယ်....

"အမှန်အတိုင်းပြောရရင်တော့ အလုပ်တစ်ခုလိုချင်လို့ပါ ပြီးတော့ ကျွန်တော်ခေါင်းကောင်းကောင်းလျှော်တတ်ပါတယ် အိမ်မှာပါပါးက ဝှီးချဲနဲ့သွားနေရတဲ့သူမို့ သူ့ရေချိုးခေါင်းလျှော်ကိစ္စတွေ ကျွန်တော်ပဲလုပ်ပေးရတာမို့ပါ"

Falling For YouWhere stories live. Discover now