29

2.2K 218 10
                                    

"ရိပေါ်ရာ ငါတော့မသွားစေချင်တော့ဘူး"

အင်္ကျီဆိုင်ထဲမှာ အင်္ကျီစမ်းဝတ်ပြနေတဲ့ရိပေါ်ကိုကြည့်ပြီး ဖန်ရှင်းကပြောလာတယ်....၊

"နင်ကဘာထဖြစ်ပြန်ပြီလဲ ဒီမှာအင်္ကျီတွေတောင်ရွေးပြီးနေပြီကို"

"ဟဲ့ချီချီရ ဘော့စ်တို့ပဲဆိုကိစ္စမရှိဘူး အခုကယွင်မိန်းကလေးပါနေမှာလေ သူ့အကြောင်းလဲနင်သိသားနဲ့"

ဖန်ရှင်းဆိုလာမှ ရိပေါ်လဲတလောကဖြစ်ရပ်ကိုပြန်သတိရမိသွားသည်....

အင်း....မျက်နှာချင်းမဆိုင်လိုပေမဲ့ ကိုကိုးရဲ့သတို့သမီးလောင်းပဲမလား ရိပေါ် ဘာမှမပြောလိုတော့ပါဘူး....။

"ငါကသူ့အနားမှာနေမှာမှမဟုတ်တာဖန်ရှင်းရဲ့ ပြီးတော့ကိုကိုးလဲရှိမှာပဲ"

"အင်းပါ ဒါပေမဲ့တစ်ခုတော့မှတ်ထားနော်ရိပေါ် တစ်ယောက်ယောက်က မင်းကိုတစ်ခုခုလုပ်တော့မယ်ဆို အဲပွဲထဲကထွက်လာခဲ့တော့"

"ကဲတော်ပြီ နင်တို့နှစ်ယောက်ကလည်း ဘာမှစဉ်းစားမနေကြနဲ့တော့ ရိပေါ် ဒီဝတ်စုံကြိုက်ပြီလား"

"အင်း...ဈေးကနည်းနည်းတော့များနေတယ်"

ရိပေါ်တို့ရောက်နေတဲ့ဆိုင်က နိုင်ငံခြားမှ ကွန်တိန်နာကျအထည်တွေရောင်းတဲ့ဆိုင်မျိုးဖြစ်ပြီး A or B အဆင့်တွေမို့ ဈေးက မနည်းမများအနေအထားမှာဖြစ်တယ်....

Brand ဆိုင်သွားဖို့မပြောနဲ့ ဒီလိုဆိုင်မှာတောင် ပွဲတက်တစ်စုံဝယ်ရမဲ့ ရိပေါ်အတွက်တော်တော်လေးဈေးကြီးနေပြီ...၊
ပွဲတက်ဆိုပေမဲ့လည်း suit မဝတ်ရဲတဲ့ရိပေါ်က စတိုင်လ်ပန်နဲ့ရှပ်အင်္ကျီကိုသာရွေးချယ်ခဲ့တယ်....
လောလောဆယ်​တော့ ကိုကိုးကိုလက်ဆောင်ပေးဖို့ သူစုထားတဲ့အထဲက ဖဲ့သုံးလိုက်ရပြီလေ...။

"ဒါပဲယူလိုက်ပါတော့မယ်"

ရိပေါ် အင်္ကျီလေးဝယ်ပြီး အဖော်လိုက်ပေးတဲ့ဖန်ရှင်းတို့ကိုမုန့်ဝယ်ကျွေးပြီးတော့ အိမ်ကိုပဲပြန်လာလိုက်သည်....၊

အိမ်ရောက်တော့ TV ကြည့်နေတဲ့ပါပါးကိုတွေ့ရတယ်....
တစ်လတစ်လဆေးဖိုးအလျင်မှီအောင် ရှာနေရတဲ့ရိပေါ်အတွက် ဒီရက်တွေအတွင်း ကိုကိုးကျေးဇူးနဲ့ရိပေါ်ပါပါးကိုဆေးသေချာကုနိုင်ခဲ့တယ်....။

Falling For YouWhere stories live. Discover now