38

2.4K 188 12
                                    

"ရိပေါ် သားကို ကောင်းမုက ဆိုင်ဖွင့်ပေးချင်လို့တဲ့"

ညစာစားဖို့ပြင်ဆင်နေတုန်း မာမားဆီမှထွက်လာသည့်စကားကြောင့် လုပ်လက်စတွေရပ်သွားမိသလို တပြိုင်တည်းလဲနားမလည်သလိုအကြည့်နဲ့ မာမားကိုကြည့်မိလိုက်သည်.....

"မားလက်ခံလိုက်တယ် သူများလက်အောက်မှာလုပ်ရမယ့်အတူတူ ကိုယ်ပိုင်ဆိုင်လေးနဲ့ဆို ဘယ်လောက်ကောင်းလဲ ဘယ်သူမှအောက်ကျို့နေစရာမလိုဘူး"

"ဟုတ်တယ်ရိပေါ် ယောက်ဖက ဘယ်လောက်အလိုက်သိချက်ကွာ"

"ကျွန်တော်လက်မခံဘူးမာမား ဘာကိစ္စသူဆိုင်ဖွင့်ပေးတာကိုလက်ခံရမှာလဲ"

တကယ်ဆို ကိုကိုးကလည်း ရိပေါ်အတွက်ဆိုင်ဖွင့်ဖို့ အားလုံးပြင်ဆင်ပေးပြီးသားပင် သို့ပေမဲ့ သူများတွေရဲ့ပြောစကားတွေကို ရိပေါ်မခံချင်၍သာလက်မခံခဲ့တာ....ကိုကိုးတို့ X Group လက်အောက်ကနေဆို ရိပေါ်ရဲ့ဆိုင်က ချက်ချင်းကိုနာမည်ကြီးသွားမှာ.....

"ဟဲ့ ဟိုကစေတနာနဲ့လေ ဘာပဲဖြစ်ဖြစ်လက်ခံရမယ် ဒါကိုလက်မခံရင် ချက်ချင်း သူနဲ့ယူဖို့လုပ်"

"မား!!!!"

"မိန်းမ မင်းတရားလွန်နေပြီမထင်ဘူးလား ငါ့သားလေး သူ့ဘာသာသူအေးဆေးနေပါစေ အမြဲတမ်းမင်းတို့ဒုက္ခပေးသမျှခံနေရတယ်"

"ရှင်ကရော ဘာဒုက္ခမှမပေးခဲ့ဘူးလား ဟုတ်လား အိပ်ယာထဲလဲနေသမျှကာလပတ်လုံး ဒီအိမ်ရဲ့တာဝန်ကိုဘယ်သူထမ်းခဲ့ရလဲ ပြောကြည့်စမ်းပါ....အခုမှ ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့အံ့ဩဘ...ဒီမှာ ကျွန်မအခုပြောသမျှကလဲ ရှင့်သားကောင်းစားဖို့ချည်းပဲ...မိန်းမမကြိုက်တဲ့ရှင့်သားကို ယောင်္ကျားပေးစားတော့လဲ ကျွန်မတို့အလွန်ဖြစ်သွားသလား"

"အခုပြောနေတာလဲ မင်းသားပဲလေ မင်းရဲ့ဝမ်းနဲ့လွယ်ပြီးမွေးခဲ့တဲ့ကလေးကွ!"

"သိတယ် သိတယ် အဲဒါကြောင့်လဲ ကျွန်မသဘောတူနဲ့လူနဲ့ပဲလက်ခံရမယ်ပြောနေတာပေါ့ ဒီအမေကကောင်းစားစေချင်လို့ပြောနေတာကို နာတယ်ထင်နေကြသေး သွား! နာတယ်ထင်ရင် ဒီအိမ်မှာမနေကြနဲ့ ဆင်းသွားကြ"

Falling For YouWhere stories live. Discover now