22

2.4K 222 9
                                    

"ဟားဟားဟား ဒီနေ့မှပဲ လူစုံကြတော့တယ်ဗျာ....ရှောင်းအစ်ကိုကြီး ဟိုတနေ့က ကျုပ်ပို့လိုက်တဲ့ဝိုင်ရတယ်မလား အဲဒါ လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ဆယ်လောက်ကတည်းက သိုလှောင်ထားတဲ့ဝိုင်လေ"

"ဟုတ်လား ညီလေးယွင် ကျုပ်မယ်လက်ဆောင်ဘူးတောင်မဖောက်ရသေးပါဘူးဗျာ....သိတဲ့အတိုင်းပဲ အလုပ်တွေကဘာတွေရှုပ်နေမှန်းမသိတာ ဒါတောင် ကျန့်ကျန့်တစ်ယောက်ရှိနေလို့ပဲ"

"ထင်တယ် ထင်တယ် အဲဒါကြောင့်လည်း အခုလိုမိသားစုညစာစားပွဲမှာ သောက်လို့ရအောင်စီစဉ်ထားပါတယ်ဗျား....ကောင်းမု!"

"ဟုတ်ကဲ့အစ်ကိုကြီး"

ယွင်ဦးလေးရဲ့ညီဖြစ်သူ ကောင်းမုက တစ်စုံတစ်ခုယူရန်စားသောက်ခန်းထဲမှထွက်သွားသည်...
ရှောင်းကျန့်ကတော့ လက်မှနာရီကိုကြည့်ရင်း သက်ပြင်းသာချနေမိသည်....သူ့ကိုဒီတိုင်းညစာစားရအောင်ပဲခေါ်လာပြီး ယွင်မိသားစုနဲ့ချိန်းဆိုထားသည်ဆိုတာကို ထည့်မပြောခဲ့သဖြင့် မားတို့ကိုလည်း မကျေနပ်...။

မန်နေချာချုပ်ကောင်းမုပြန်ဝင်လာတော့ သူ့နောက်မှာ တစ်စုံတစ်ယောက်ကလဲကပ်ပါလာတယ်....

"တစ်ခွက်ချင်းစီး သေချာထည့်ပေး"

"ဟုတ်ကဲ့"

ထိုတစ်စုံတစ်ယောက်က ရှောင်းကျန့်ရဲ့မြင်ကွင်းထဲဝင်လာချိန်မှာတော့ အံ့ဩမှုနဲ့အတူ မျက်ခုံးတွေတွန့်ကွေးကုန်သည်...

"ဝမ်ရိပေါ် ဘယ်လိုရောက်လာတာလဲ"

"မားခေါ်လိုက်တာသား ဒီကောင်လေးက သားအတွက်အဆင်ပြေတယ်ထင်လို့လေ"

"သူက ဒါမျိုးတွေလုပ်ရမဲ့သူမဟုတ်ဘူးမား ရိပေါ် ပြန်မယ် မင်းလာခဲ့"

"ကျန့်ကျန့်! ဘယ်လိုဖြစ်နေတာလဲ ဒီကောင်လေးအတွက်နဲ့ မိသားစုကိုအရှက်ရအောင်လုပ်မလို့လား"

"မား!"

"ဟို...ကျွန်တော်အဆင်ပြေပါတယ်ဘော့စ် မေမေကြီးကလဲ အကူအညီထားလို့ပါ"

"ကျစ်!!!"

ရှောင်းကျန့် ဘာမှပြောမသာပဲ ကျစ်စုပ်ပြီးနေရတော့တယ်....သူ့ရဲ့မျက်လုံးတွေကတော့ ဝမ်လေးရဲ့လှုပ်ရှားမှုမှန်သမျှလိုက်ကြည့်နေမိပြီး စိတ်ထဲမှာတော့ စိတ်အလိုမကျမှုတွေအပြည့်ဖြစ်လို့...

Falling For YouWhere stories live. Discover now