14

2.7K 242 11
                                    

📲 မန်နေဂျာကျူး ဆိုင်ကရုံးခန်းထဲမှာ ကျွန်တော်တို့အရေးကြီးတဲ့ဖိုင်ကျန်ခဲ့တယ် ပြန်လှည့်လာဖို့လဲအဆင်မပြေလို့ စိတ်ချရတဲ့သူတစ်ယောက်ယောက်ကိုပို့ခိုင်းပါအုံး ကျွန်တော်လိပ်စာပို့ပေးလိုက်မယ်

📲 ဟုတ်ကဲ့ ဟုတ်ကဲ့ ယွီအတွင်းရေးမှူး အခုပဲပို့ခိုင်းလိုက်မယ်ရှင့်

ယွီအတွင်းရေးမှူးဖုန်းချပြီးတာနဲ့ မန်နေဂျာကျူးလဲ ဘယ်သူ့ကိုပို့ခိုင်းရင်ကောင်းမလဲစဉ်းစားရတော့သည်...၊

"အင်း....."

မန်နေဂျာကျူးရဲ့မျက်လုံးက customer ရဲ့ခေါင်းကို dryer ဖြင့်မှုတ်ပေးနေသော ဝမ်ရိပေါ်ဆီမှာ....

* ဝမ်ရိပေါ်ဆိုအဆင်ပြေလောက်မယ် ဘော့စ်က ခေါင်းလျှော်ရင်တောင် သူ့ပဲရွေးနေကျဆိုတော့....

"ဖန်ရှင်း သွား ရိပေါ်နေရာမှာသွားလုပ်ပေးပြီး ရိပေါ်ကိုအစ်မဆီလွှတ်လိုက်"

ဖန်ရှင်းလည်း အစ်မကျူးကျူးပြောသလိုလုပ်ပြီးနောက် ရိပေါ်တစ်ယောက်စူပုပ်ပုပ်ဖြင့် ထိုနေရာမှထွက်လာရသည်...

"အစ်မကျူးကျူး ခေါ်တယ်ဆို"

"ဟုတ်တယ်ရိပေါ် ဒီဖိုင်လေး ဘော့စ်ဆီသွားပို့ပေးနော် အစ်မလိပ်စာရော လမ်းစရိတ်ရောပေးလိုက်မယ် အရေးကြီးတာမို့ သေချာကိုင်သွားနော်"

"ကျွန်တော့အလုပ်က..."

"ရတယ် ဘာမှမဖြစ်ဘူး အပြန်လဲဆိုင်ကိုဝင်မနေနဲ့တော့ အိမ်တန်းပြန်လိုက် ရိပေါ်မှတ်ထားရမှာ ဖိုင်ကအရေးကြီးတယ် မပျောက်သွားစေဖို့ပဲ နော်"

"ဟုတ်...."

အစ်မကျူးကျူးက ရိပေါ်ကို အသွားအပြန်တက္ကစီခရယ် အရေးကြီးတယ်ဆိုတဲ့ဖိုင်တွဲရယ် လက်ထဲကိုသေချာထည့်ပေးလိုက်သည်....

*ခိုင်းစရာငါပဲရှိတာလားမသိဘူး စိတ်ကုန်လာပီ

တစ်နာရီခွဲနီးပါးလောက် သွားရသည့်နေရာက စိုက်ပျိုးရေးခြံတစ်ခုလိုမျိုး....ရိပေါ်ငှါးလာသည့်ကားကလဲ ခြံထဲဝင်လို့မရတာမို့ ခြဲထဲထိလမ်းလျှောက်လာရသည်.....၊

နေကပူပူ မှုန်ကုတ်ကုတ်နဲ့လျှောက်လာသည့်ရိပေါ်ကို ခြဲထဲက နားနေဆောင်လေးကနေ ဘော့စ်တို့အဖွဲ့ကလှမ်းကြည့်နေကြတယ်.....

Falling For YouWhere stories live. Discover now