17

2.6K 265 16
                                    

ဝမ်ရိပေါ် အရမိးစိတ်ဆိုးနေပါတယ်....

သူလုပ်နေတဲ့အလုပ်က beauty saloon မှာလား ဘော့စ်ရဲ့ဝေယျာဝစ္စတွေလုပ်ရတာလား အခုချိန်မှာမသဲကွဲတော့ဘူး...

အပြင်လိုက်ရတာထားအုံး အခုက ဘော့စ်ရဲ့အိမ်မှာ သန့်ရှင်းရေးလာလုပ်နေရသည်တဲ့....

*နားမလည်ဘူး လုံးဝနားမလည်နိုင်ဘူး ဝါး.... အလုပ်သမားရေးရာနဲ့တိုင်ပလိုက်ရင်လဲ ငါကစိတ်ထားကောင်းတဲ့သူဖြစ်နေပြန်တယ်

ဖုံသုတ်ရင်း စိတ်ထဲမှာမကျေနပ်တာတွေရေရွတ်နေလိုက်တယ်...

ချောက်!

အခန်းတံခါးဖွင့်သံကြားတာမို့ ကြက်မွှေးတောင်ကိုင်လက်စတန်းလန်းနဲ့နောက်လှည့်အကြည့်မှာ....

ဂလု!

အပေါ်ပိုင်းဗလာနဲ့ ဘော့စ်က ရေချိုးခန်းသုံးသဘက်ကို ခါးမှာပတ်ထားပြီး အခန်းထဲမှထွက်လာတယ်....ကျန်နေသေးတဲ့ ရေစက်လက်တချို့ကလည်း ဘော့စ်ရဲ့ six pack မြောင်းမှာစီးကျနေပြန်တယ်....

ရိပေါ်နေရာမှာ မိန်းကလေးတစ်ယောက်သာဆိုရင် နှာခေါင်းသွေးလျှံပြီး မတ်တပ်ရပ်တောင်သတိမေ့သွားမလားမသိ....

သို့ပေမဲ့ ဘော့စ်က ရိပေါ်ဆီကို တစ်လှမ်းချင်းလျှောက်လာတယ်....မျက်လုံးတွေကလဲ တစ်ခုခုလိုချင်သလိုနဲ့....

တဖြေးဖြေးနဲ့ ဘော့စ်က ရိပေါ်အနားကိုကပ်လာတယ်....မျက်နှာချင်းဆိုင်အနေအထားကနေ ဘော့စ်ဟာ ခါးကိုင်းချလာပြီး ရိပေါ်မျက်နှာနားကိုကပ်လာခဲ့တယ်....

"ဘာ ဘာလိုလို့လဲဟင်....ဘော့ ဘော့စ်"

နားတွေနီရဲနေတဲ့ ရိပေါ်က ခေါင်းကိုအနည်းငယ်စောင်းကာ မရဲတရဲကြည့်ပြီး မေးလိုက်တော့ ဘော့စ်က ညို့ငင်တဲ့မျက်ဝန်းတစ်စုံဖြင့်....

"မင်းပြောကြည့်လေ ကိုယ့်ပုံစံနဲ့ဘာလိုမလဲလို့"

ဘော့စ်ရဲ့အမေးကြောင့် ရိပေါ်ပိုလို့ရှက်သွားရသည်....

"ဘာ ဘာကိုပြော ဟင်!"

ဘော့စ်ရဲ့လက်က ရိပေါ်ခေါင်းကိုကျော်သွားပြီး တစ်စုံတစ်ခုယူသွားတာကြောင့် ရိပေါ်မှာကြောင်အအဖြစ်သွားတယ်...

Falling For YouWhere stories live. Discover now