8

2.6K 237 6
                                    

"ပြီးပါပြီ အဆင်ပြေလား ဧည့်သည်ခင်ဗျ"

"ပြေပါတယ်"

"ကျေးဇူးပါခင်ဗျာ ဒါဆို ကောင်တာကိုကျွန်တော်လိုက်ပို့ပါ့မယ်"

ခေါင်းမှုတ်လို့ပြီးသွားသော customer ဆီမှ သဘက်ကိုပခုံးပေါ်တင်လိုက်ပြီး ရှေ့မှလမ်းပြကာ ကောင်တာဆီကို ငွေရှင်းရန်ခေါ်လာသည်....

ရိပေါ်တို့ training ကာလပြီးသွားပြီဖြစ်လို့ customer ဆီတိုက်ရိုက်ထိတွေ့နေရပြီဖြစ်တယ်...
အစပိုင်းကလက်မရဲသေးပေမယ့် အလုပ်ထုတ်ခံရမှာစိုးလို့ ရိပေါ်မဖြစ်ဖြစ်အောင် ကြိုးစားမိသည်....၊
အားရင်အားသလိုလဲ အချင်းချင်းလေ့ကျင့်လို့ရတာကြောင့်လည်း ပါမယ်ထင်သည် တဖြေးဖြေးနဲ့တော့ ရိပေါ် နေသားတကျဖြစ်လာတယ်....

တချို့ဆို ရိပေါ်လက်ပေါက်တယ်ပြောကြလို့ ကျိတ်ပြီးကျေနပ်ရသေးသည်....၊

*ဟိဟိ

"ကျေးဇူးတင်ပါတယ် နောက်လဲလာအားပေးပါအုံးခင်ဗျ"

ခါးကိုင်းကာဧည့်သည့်ကိုနှုတ်ဆက်ပြီး ပြန်မတ်လိုက်တဲ့အခါမှာတော့.....

*ဘော ဘောစ့်ကြီး

ရှောင်းကျန့်က သူ့ရှေ့မှာထပ်ပြီးတော့ မျက်လုံးပြူးပြီး ကြောင်တောင်တောင်ဖြစ်နေပုံရတဲ့ကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး ဆိုင်တွင်းသို့ဝင်သွားသည်..

"ဟဲ့ ရိပေါ် ဘာရပ်လုပ်နေတာလဲ"

"ချီချီနင်တွေ့လိုက်တယ်မလား ခုန ဘော့စ် ဘော့စ်လေ"

"ဘော့စ်ဘာဖြစ်လဲ ဆိုင်လာတာဆန်းလို့လားဟ"

"အင်း မဆန်းဘူးနော် ဟုတ်တယ် ငါလဲ သူ့ကိုရုတ်တရတ်တွေ့လိုက်တာဆိုတော့ ဆွံ့အနေမိလို့ ဟီး"

"ဖြစ်ရမယ် လာ ငါ့ကိုခေါင်းဝိုင်းမှုတ်ပေးစမ်းပါအုံး"

"အေးအေး လာပြီ"

ချီချီနဲ့အတူ ခေါင်းဝိုင်းမှုတ်နေတဲ့အချိန်မှာ မေမေကြီးဆိုတဲ့သူနဲ့ဘော့စ်ရယ် ဆိုင်ထဲတစ်ခါပြန်ဝင်လာပြန်ပြီး အစ်မကျူးကျူးတို့နဲ့စကားတွေပြောနေကြသည်....

* အိုက်ယား ခံစားချက်ကြီးက ငယ်ငယ်က ကျောင်းမှာစစ်ဆေးရေးဝင်နေသလိုပဲ မနေတတ်ဘူး....

Falling For YouWhere stories live. Discover now