35

2.6K 251 22
                                    

X Beauty Saloon ဟာ လုပ်ငန်းချိန်အတွင်း ဆိုင်မပိတ်စဖူးပိတ်ကာ တစ်ဆိုင်လုံးအစည်းအဝေးခေါ်သည်မို့ အားလုံးဟာ အနည်းငယ်ထိတ်လန့်နေမှုတော့ရှိနေကြသည်....
အစည်းအဝေးခေါ်သူက ဥက္ကဌရှောင်းကျန့်ဖြစ်နေသည်မို့ လုပ်ငန်းခွင်အတွင်း ပြောင်းလဲမှုများရှိနေလို့လားဆိုတဲ့စိုးရိမ်စိတ်တွေကလဲအပြည့်.....

ဝန်ထမ်းအားလုံးရဲ့ရှေ့ဆုံးမှာရှိနေတဲ့ ဘော့စ်ရဲ့ဘေးမှာ ဝမ်ရိပေါ်ကိုတွေ့ရသည့်အပြင် မျက်နှာထားတည်တင်းစွာရှိနေတဲ့ဘော့စ်ဟာ လူမစုံစုံအောင်စောင့်နေပုံရတယ်....

"မန်နေဂျာကျူး လူစုံပြီလား"

"ဟုတ်ကဲ့ဘော့စ် စုံပါပြီ"

မန်နေဂျာကျူးဆီကအတည်ပြုချက်ရတာနဲ့ ရှောင်းကျန့်ဟာ ထိုင်နေရာမှထလာတယ်...

"အားလုံးထူးဆန်းနေမယ်ထင်တယ် ရုတ်တရတ်ဆိုင်ပိတ်လိုက်ရလို့"

"...."

"ကိုယ်တို့ X Beauty Saloon က လည်ပတ်လာတာ ဒီနှစ်ဆို ၅နှစ်ရှိပြီ ဆိုင်ခွဲကလဲ ၃ဆိုင်ဖွင့်နိုင်ခဲ့တယ်နော်...၅နှစ်အတွင်းမှာ ကိုယ်တို့အလုပ်ထုတ်ခဲ့တဲ့ဝန်ထမ်းတွေလည်း အတော်အသင့်ရှိခဲ့မှာပဲ....ဘယ်အရာကအများဆုံးအထုတ်ခံခဲ့ရလဲ မန်နေဂျာကျူး ဒီဆိုင်ပဲပြောတာမဟုတ်ဘူးနော် ၃ဆိုင်လုံးအတွက်"

"ဟုတ်ကဲ့ပါဘော့စ် ဘယ်ဆိုင်ပဲဖြစ်ဖြစ်ပါ အကျင့်စာရိတ္တပျက်ပြားတာနဲ့တန်းပြီးတော့ အလုပ်ထုတ်ခံရတာများပါတယ်ဘော့စ်"

"အင်း...အလုပ်မှာအမှားအယွင်းရှိတာကို ကိုယ်တို့နားလည်ပေးထားတယ် ဒါပေမဲ့ အကျင့်စာရိတ္တပျက်ပြားပြီး သူများကိုချောက်တွန်းတာမျိုးလဲလက်ခံနိုင်စရာအကြောင်းမရှိဘူး ဟုတ်တယ်နော်"

"...."

"ပြီးခဲ့တဲ့အပတ်က ကိုယ်ခရီးသွားနေတုန်းမှာ ပြသာနာတက်ခဲ့တယ်ကြားတယ် အခု ကိုယ့်ဘေးမှာရှိတဲ့ဝမ်ရိပေါ်က ငွေအလွဲသုံးစားလုပ်လို့အထုတ်ခံရတယ်ဆို ဟုတ်လား"

ဘယ်သူ့ကိုမေးတယ်ရယ်လို့မရှိပဲ အားလုံးကိုခြုံပြီးမေးလိုက်သလိုမို့ ဝန်ထမ်းတွေလဲခေါင်းငြိမ့်တဲ့သူကငြိမ့်မိကြတယ်...

Falling For YouWhere stories live. Discover now