26

2.6K 229 6
                                    

"ကိုကိုး အဆင်ပြေရဲ့လား ကျွန်တော်ပြောပါတယ် ကိုကိုးစားလို့ရမဲ့ဆိုင်ပဲသွားပါဆိုတာကို"

လစာလေးရတော့ ရိပေါ်ကိုဂရုစိုက်ပေးတဲ့ဘော့စ်ကို တစ်ခုခုပြန်ကျွေးချင်စိတ်ပေါက်တာမို့ ပြောကြည့်တဲ့အခါ ဝမ်လေးအဆင်ပြေတဲ့ဆိုင်သွားပါ ဆိုတာနဲ့...ရိပေါ်လည်း ဈေးလေးအသင့်အတင့်ရှိတဲ့ ဟော့ပေါ့ဆိုင်လေးရွေးလိုက်မိတယ်....
ပြသာနာက ဘာလဲဆိုတော့ ဆိုင်ကလူများပြီး ဆူညံနေတာပင်...ပြီးတော့ မှာလိုက်မိတာက အစပ်၂အိုး...

ရှေ့တည့်တည့်မှဘော့စ်က ရောက်လာတဲ့ဟော့ပေါ့အိုးတွေကြည့်လိုက် ဆိုင်အတွင်း ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်လုပ်နေတာမို့ ရိပေါ်တစ်ယောက် အခုမှပင် သတိဝင်တော့သည်....

ဘော့စ်က အရမ်းချမ်းသာတဲ့သူဌေးတစ်ယောက်၊ နာမည်ကြီးဟိုတယ်လ်တွေမှာပဲသွားစားတဲ့သူကို သူခေါ်လာမိတဲ့ဆိုင်က သာမန်လူတွေတောင်ထိုင်စားလို့ရတဲ့ဆိုင်မျိုး.....

"အဆင်ပြေပါတယ် ဒီဆိုင်ကအရသာမဆိုးဘူးပဲ"

တူတစ်ချောင်းယူလို့ အိုးထဲမှအသားတစ်ဖတ်ကိုယူစားရင်းပြောလာတဲ့ဘော့စ်ကြောင့် ရိပေါ်မျက်နှာလေးပြုံးယောင်သန်းသွားပြီ...

"ဟုတ်တယ် ဟုတ်တယ် ဒီဆိုင်ကအရည်ကနာမည်ကြီးလေ ဒီကဟော့ပေါ့သောက်ပြီးသွားရင် တခြားဆိုင်မသွားချင်တော့ဘူး"

"အဲလောက်တောင်လား"

"အင်း အဲဒါကြောင့် ကိုကိုးကိုစားစေချင်လို့ခေါ်လာတာ ကိုယ့်ဟာကိုယ်ဆိုရင် တစ်လတစ်ခါတောင်မစားဖြစ်ပါဘူး ဟီး"

"ဟုတ်ပါပြီ ဖြေးဖြေးစားအုံး"

"ဟုတ်"

ပျော်ရွှင်ပုံရနေတဲ့ဝမ်လေးကြောင့် ခိုးရိုက်နေတဲ့ကင်မရာတချို့ကို လျစ်လျူရှုပြီးပဲနေလိုက်ရတော့သည်....။


"အား ဗိုက်တင်းသွားပြီ ကိုကိုးကလည်းအစားနည်းလိုက်တာ"

"ကိုယ်ကနဂိုထဲကနည်းနည်းပဲစားတတ်တာဝမ်လေးရဲ့ စားပြီးရင် သွားရအောင် ရေခဲမုန့်ဝယ်ကျွေးမယ်"

"ဟုတ်"

ပိုက်ဆံရှင်းရန်ကောင်တာကိုရောက်တော့ ရိပေါ်စာအိတ်လေးထုတ်ပြီး ပိုက်ဆံရေတွက်နေတုန်း ဘော့စ်မှကဒ်ထုတ်ပြီးရှင်းတာမြင်တဲ့အခါ...

Falling For YouWhere stories live. Discover now