37

2.3K 211 12
                                    

ရိပေါ်ဟာ ကိုကိုးရဲ့စီစဉ်မှုနဲ့ hair&design နဲ့ပတ်သတ်သည့်သင်တန်းကိုတက်ခဲ့ရတာ အခုဆို ၃လပြည့်ပြီ.....
စီစဉ်ပေးကာစမှာ ရိပေါ်က ကိုကိုးရဲ့ထောက်ပံ့မှုကိုမယူချင်လို့ငြင်းပေမဲ့တစ်ချက်လွှတ်အမိန့်တွေသုံးပြီး ရိပေါ်ကိုအကြပ်ရိုက်စေခဲ့တယ်..... ကိုကိုးဘယ်လိုပင်ပြောပြော သင်တန်းပြီးရင် အချိန်ပိုင်းလုပ်ခွင့်ရမှ သင်တန်းတက်နိုင်မယ်လို့ ခေါင်းမာမာနဲ့ပဲညှိနှိုင်းတာကြောင့် နောက်ဆုံးလိုက်လျောရသူက ကိုကိုးသာ.....

အချိန်ပိုင်းအလုပ်လုပ်ရင်း ဆပ်စရာအကြွေးတွေကိုလည်း မမေ့မလျော့ဆပ်နိုင်အောင်လုပ်ခဲ့တယ်....
ကိုကိုးရဲ့စီစဉ်ပေးမှုနဲ့ကျန်းမာလာပြီဖြစ်တဲ့ပါပါးကလဲ ဈေးနားမှာ နို့လက်ဖက်ရည်ဆိုင်အသေးစားလေးဖွင့်နေတော့ ရိပေါ်ရဲ့ကိစ္စတွေပြီးတိုင်း ပါပါးဆိုင်မှာဝင်ကူပေးလေ့ရှိသည်.....

မာမားတို့ကတော့ ထုံးစံအတိုင်းဝိုင်းကောင်းရင်သွားနေကြမြဲဖြစ်သလို ပါပါးနဲ့လဲတခါတရံစကားတွေများလာတတ်တယ်....
အဆိုးဆုံးက သူတို့အိမ်ကို ကောင်းမုဆိုတဲ့လူကိုခေါ်ခေါ်လာတတ်တာပင်....

X Beauty မှာ ယွင်မိန်းကလေးနဲ့ပတ်သတ်ပြီးသိခဲ့သည့်ထိုလူ့ကို ရိပေါ်လုံးဝမနှစ်သက်.....
ထိုလူအိမ်လာတိုင်းလဲ ရိပေါ်ကိုမထိတထိတွေပြောဆိုနေတာတွေက ဘယ်လိုမှကိုအဆင်မပြေလှဘူး.....
မာမားတို့ရှေ့ထထွက်မိရင် သူတို့ဧည့်သည်ကို မလေးမစားဆက်ဆံရလားဆိုပြီး အဆူခံရသေးသည်.....

တခါတလေ ရိပေါ်ရှိချိန်မှန်းပြီး ပါပါးဆိုင်ကိုတစ်ယောက်တည်းရောက်လာတတ်သေးတယ်....

ပါပါးနဲ့ရိပေါ်ရဲ့သဘောမကျခြင်းကိုခံရတဲ့ကောင်းမုဆိုတဲ့လူဟာ ရိပေါ်ကိုပါပါးရှေ့မှာတင် ကိုယ်ထိလက်ရောက်ပြုမူဖူးတယ်....

ပါပါးရဲ့"ငါ့ဆိုင်ထဲကထွက်သွား မင်းတို့လိုအလောင်းကစားသမားတွေ ငါ့သားနားမကပ်နဲ့" ဆိုတဲ့စကားကြောင့် ရိပေါ်ကို အသားနာကျင်အောင်လုပ်တာမဟုတ်ပဲ မထီမဲ့မြင်ပုံစံနဲ့ပဲ ခါးကဖက်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းခဲ့တယ်.....

ကောင်းမုရဲ့လုပ်ရက်ကြောင့် ပါပါးရဲ့ဆိုင်ထဲရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ထိုနေ့မှာပဲ ပါပါးနဲ့မာမားတို့ရန်အကြီးအကျယ်ဖြစ်ခဲ့သေးသည်....

Falling For YouWhere stories live. Discover now