Chapter (28)

2.1K 264 3
                                    

Unicode

နောက်တစ်နေ့တွင်၊ မုရှင်းယုသည် ရှောင်ဝမ်းနှင့်အတူ " The Journey " အဖွဲ့မှစီစဉ်ထားသော audition တည်ရှိရာသို့မောင်းသွားခဲ့သည်။

လမ်းမှာ ရှောင်ဝမ်က " အစ်ကိုရှင်းယု ' နွေးထွေးသောအခိုက်အတန့်များ' ကိုနောက်လ 10 ရက်နေ့ မှာ ထုတ်လွှင့်ပြဖို့ သတ်မှတ်ပြီးပြီး "

" ရှောင်ဝမ်း မင်းအဲ့ဒီရှိုးကို ဘာလို့ အရမ်းအာရုံစိုက်နေတာလဲ? "

" အဲဒါတာက " The Journey " အဖွဲ့သားတွေက ဖုန်းဇီအန်ရဲ့ကျော်ကြားမှုကို ထည့်သွင်းစဉ်းစားမှာကို ကျတော်စိတ်ပူ...... "

မုရှင်းယုက ရှောင်ဝမ်း၏စကားကိုဖြတ်ပြောလိုက်တယ်။ " ခုထိ မင်းငါ့ကို ယုံကြည်မှုမရှိသေးဘူးလား?"

" အစ်ကိုရှင်းယု၊ ကျတော် အဲ့လိုဆိုလိုတာက မဟုတ်ဘူး " ရှောင်ဝမ်းက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပါတယ်။

" အကိုကဒီမှာရှိနေတယ်။ အခု 'နွေးထွေးသောအခိုက်တန့်များ' ကိုချောချောမွေ့မွေ့ထုတ်လွင့်တော်မယ် အဲ့အဖွဲ့လွှမ်းမိုးမှုကအရမ်းများတယ် ​​ကျတော်ပြန်ပြီးမသင့်မြတ်ချင်ဘူး "

" ဘာမှ ပြန်သင့်မြတ်စရာမရှိဘူး ရှောင်ဝမ် ငါတို့ရှေ့ကိုဘဲကြည့်ရမှာ! " မုရှင်းယုကရယ်လိုက်သည်။

" အစ်ကို ရှင်းယု၊ မင်းပြောတာ မှန်တယ်၊ ' The Journey ' က ' နွေးထွေးသောအခိုက်အတန့်များ ' ထက် အများကြီး ပိုကောင်းတယ် "

သူတို့ ဖျော်ဖြေရေးအဆောက်အအုံကိုရောက်တဲ့အခါ မုရှင်းယုနဲ့ ရှောင်ဝမ်းတို့ဟာ ဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုအောက်မှာ ခန်းမထဲကို ဝင်သွားကြတယ်။

ထိုအချိန်တွင် ခန်းမထဲတွင် လူခုနစ်ယောက်ထိုင်နေပြီး မုရှင်းယုဝင်လာသောအခါ အားလုံးရဲ့အကြည့်က သူဆီရောက်လာတယ်။

လူတစ်ချို့က မုရှင်းယုကို မှတ်မိပြီး ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကြသည်။

အချို့က မုရှင်းယုကို မသိကြသော်လည်း မုရှင်းယု၏ အသွင်အပြင်နှင့် စိတ်နေစိတ်ထားကို ကြည့်ကာ မုရှင်းယုသည် ပြင်းထန်သော ပြိုင်ဖက်တစ်ဦးဖြစ်ကြောင်း ခံစားလိုက်ကြရသည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now