Chapter (42.1)

1.3K 174 2
                                    

( Unicode )

*****

မုရှင်းယုဟာ ပုံမှန်အတိုင်း ရိုက်ကူးနေခဲ့တယ်။ ဒါပေမယ့် W&W official Weibo က သူ့ပိုစ့်ကိုတင်ပြီးနောက်မှာ သူကချက်ချင်းဆိုသလို hot search ထဲကိုရောက်ရှိသွားတယ်။

W&W China Official Blog- [ ခန့်ညားကြော့ရှင်းမှုသည် အမြဲတစေ W&W ၏ ခိုင်မာတဲ့ဦးတည်ချက်ဖြစ်သည်။ သူက ငယ်ရွယ်ချောမောပြီး အမှတ်တံဆိပ်ရဲ့သဘာဝနဲ့ အပြည့်အဝကိုက်ညီတယ်။ W&W မိသားစု၏ global spokesperson အဖြစ် မုရှင်းယုကို ကြိုဆိုပါတယ် #W&WMuXingYu#] စာသားအောက်တွင် မုရှင်းယုရိုက်ကူးထားသော ပရိုမိုးရှင်းဓာတ်ပုံတွေကိုလည်း ထည့်သွင်းထားသည်။

တရားဝင်ဘလော့ဂ်က ဒီ Weibo ကိုတင်ပြီးနောက် တစ်ချိန်တည်းမှာပင်၊ ဗြိတိန်၊ ပြင်သစ်နှင့် အခြားနိုင်ငံများ၏ W&W Official Blog တွေကလည်း မုရှင်းယုသည် W&W ၏ global spokesperson ဖြစ်လာကြောင်း ဘာသာစကားအမျိုးမျိုးဖြင့် ပြန်တင်ခဲ့ကြသည်။

ဤကြုံတောင့်ကြုံခဲ ကြီးမားတဲ့ရိုက်ခက်မှုကို ရင်ဆိုင်လိုက်ရတော့ လူများစွာ၏ အာရုံစိုက်မှုကို ချက်ချင်းဖမ်းစားနိုင်ခဲ့သည်။

Weibo တွင် #W&WMuXingYu# သည် သာမန်မျက်စိဖြင့် မမြင်နိုင်သောအရှိန်ဖြင့် နံပါတ်တစ် hot search သို့ ရောက်ရှိသွားခဲ့သည်။

Official Blog တွင် လူများစွာက မှတ်ချက်ပေးခဲ့ကြသည်-

[ ဝိုး! global spokesperson! ဖြစ်လာမယ်လို့ ငါမမျှော်လင့်ထားဘူး ]

[ ပရိုမိုးရှင်းဓာတ်ပုံတွေက အရမ်းကိုကြော့ရှင်းနေတာဘဲ ချမ်းသာတဲ့မိသားစုရဲ့ သခင်ငယ်လေးဖြစ်ထိုက်ပါတယ် ]

[ ငါကြည့်လိုက်တော့ မတူညီတဲ့နိုင်ငံနဲ့ဒေသအသီးသီးမှာရှိတဲ့ W&W ရဲ့တရားဝင်ဘလော့ဂ်တွေ အကုန်လုံးက တရားဝင်ကြေငြာချက် ပိုစ့်တွေတင်ထားကြတယ်။ ဒီအခြေအနေကဘယ်လိုကြီးလဲ? ယခင်က ပြောရေး ဆိုခွင့်ရှိသူအဖြစ် ရွေးချယ်ခံရတဲ့ အော်စကာဆုရှင်တောင် ယခုလိုရင်ဆိုင်မှုမျိုးမရှိဘူး ]

[ ရှင်းရှင်းက ပြောရေးဆိုခွင့်ရှိသူဖြစ်လာမယ်လို့ မတွေးဝံ့ပေမယ့် ငါ့အိပ်မက်တွေ တကယ်ဖြစ်လာဖို့ မမျှော်လင့်ထားဘူး! ]

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now