Chapter (14)

2.5K 292 5
                                    

ယာဂု ကျွေးပြီးသောအခါ မုရှင်ယုသည် နံနက်စာ စားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အဘိုးကုက ပြုံးပြီး သူ့ကို ကြည့်လိုက်တယ်။

" ရှင်းယု ယွမ်ကျိုးက မနေ့ညက သားအနားယူတာကို မထိခိုက်စေပါဘူးနော် "

" မထိခိုက်စေပါဘူး "

မုရှင်းယုက ပြုံးလိုက်တယ် ဒါပေမယ့် ကုယွမ်ကျိုးက မနေ့ညက သူ့အိမ်မက်ထဲမှာ သူ့ကို လိုက်ဖမ်းနေတာကိုတော့ မညီးညူ နိုင်ခဲ့ဘူး။ သူ ကောင်းကောင်းတောင် အနားမယူခဲ့ရဘူး။

နံနက်စာ သုံးဆောင်ပြီးနောက် ဖိုးဖိုးကု သည်လည်း ဆေးသောက်ခဲ့တယ်။

မုရှင်းယုသည် ဦးစွာ ရေရရှိရန် လုပ်ဆောင်ပေးပြီး ကျန်ရှိနေသော ဝိဉာဉ်အရည်ကို ပါးကု သောက်ရန်အတွက် ရေခွက်ထဲသို့ ထည့်လိုက်သည်။

အဘိုးအိုကုသည် အမြဲတမ်း ကျန်းမာရေး ကောင်းနေသော်လည်း
သူက မနေ့က ရုတ်တရက် လဲကျကာ စိတ်ခံစားမှု အပြောင်းအလဲများကြောင့် ရုတ်တရက်မေ့မြောသွားခဲ့တယ်။

ယခု ကုယွမ်ကျိုး နိုးလာသောအခါ အဘိုးအိုကုသည် စိတ်အခြေအနေ ကောင်းလာပြီး မုရှင်းယု၏ ဝိညာဉ်အရည် နှင့်အတူ သူ၏ အခြေအနေသည် လျင်မြန်စွာတည်ငြိမ်လာသည်။

ညစာ စားပြီးသောအခါ မုရှင်းယုသည် ဥယျာဉ်၌ လမ်းလျောက်ကာ ဝိညာဉ်အရည်များကို လမ်းတစ်လျှောက် စုဆောင်းခဲ့သည်။ ထိုကာလအတွင်း သူသည် ကု၏ အိမ်သို့ ဇိမ်ခံကားများစွာ လာနေသည်ကို သူတွေ့လိုက်တယ်။

ကုယွမ်ကျိုး နိုးလာသည့် သတင်းကို ကု၏ မိသားစုများ ကြားသောအခါ သူတို့သည် တွေ့ဆုံချင်ကြပြီး လာရန်မစောင့်နိုင်တော့ချေ။

မုရှင်းယုသည် ဥယျာဉ်၌ ဆက်၍ နေခဲ့ပြီး မကြာခင်မှာဘဲ သူက တုန်ရှီရဲ့ အသံကို ကြားလိုက်တယ်။ " အစ်ကိုရှင်းယု ရှင်ကဒီမှာဘဲ အမ်! "

" မင်း ဝမ်းကွဲကိုလာကြည့်တာလာ? "

" ဟုတ်တယ်၊ ငါ့မိဘတွေက အတူလာဖို အတင်းတိုက်တွန်းနေလို့ " တုန်ရှီက ကူကယ်ရာမဲ့စွာ ကြည့်ရင်ပြောလိုက်ပြီး ထို့နောက် မေးလိုက်တယ် " သူနိုးလာပြီးနောက် ဝမ်ကွဲက ရှင့်ကို ဘယ်လိုဆက်ဆံလဲ? "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now