Chapter (30)

2.1K 243 1
                                    





ရွှေအဆင့်အေးဂျင့်တစ်ဦးအနေဖြင့် လန်ယင်သည် ဖျော်ဖြေရေးနယ်ပယ်တွင် အရင်းအမြစ်များပေါများပြီး ပါပါရာဇီအများအပြားကိုလည်း သိသည်။

၎င်းတို့အနက် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကျော်ကြားလာသော Xiaobudian Studio ၏ဒါရိုက်တာကျိုးဟိုင်းနှင့်လည် အလွန်ရင်းနှီးသည်။

ကျိုးဟိုင်းသည် လန်ယင်ကိုမြင်သောအခါ အလွန်အံ့သြသွားပြီး သူက လန်ယင်နှင့် မုရှင်းယုကို ရုံးခန်းထဲသို့ ထိုင်ရန်ဖိတ်ခေါ်လိုက်ပြီး အဆောတလျင်မေးတယ်။

" မစ္စလန် ဘာလို့ငါ့ကိုလာတွေ့တာလဲ? "

" ခင်ဗျားကိုအကူညီတောင်းစရာရှိတယ်၊ ကျတော် ခင်ဗျားကို နှစ်သန်း ပေးမယ်၊ ကျတော့်ကို လူတစ်ယောက်အကြောင်းစုံစမ်းပေးပါ " မုရှင်းယုက အရင်ပြောလိုက်သည်။

ကျိုးဟိုင်းက မထိန်းနိုင်ဘဲ ရယ်မောကာ ပြောသည် " ကျီးနန်းအိမ်ခြံမြေ သူဌေးကြီးရဲ့သားက မျှော်လင့်ထားသလိုပဲ၊ ပြတ်သားပြီးရဲရင့်တယ်။ ပြော မင်း ငါ့ကို ဘယ်သူကို စုံစမ်းစေချင်တာလဲ? "

" ချောင်း​ဟုန် "

" မစ္စတာချောင်း? ကွမ်းဟူအိမ်ခြံမြေလုပ်ငန်းစု? မုရှောင် ဒါက နောက်နေတာလာ? " ချောင်းဟုန်း သည် ဖျော်ဖြေရေးနယ်ပယ်တွင် ပါဝင်ခဲ့ပြီး နာမည်ကြီးများစွာကို စော်ကားခဲ့သော်ငြားလည်း ဘယ်သူကိုထိသင့်လဲ မထိသင့်ဘူးလဲဆိုတာ ရှင်းလင်းစွာသိတဲ့အတွက် သူက ဘေးကင်းတယ်ပြောရမယ်။

" သူ့အရှုပ်တော်ပုံတွေကို ခင်ဗျားဓာတ်ပုံရိုက်နိုင်သမျှ ကျတော် ခင်ဗျားကို နောက်ထပ်နှစ်သန်းထပ်ပေးမယ် "

ကြီးမားတဲ့အမြတ်အစွန်းတွေရဲ့သွေးဆောင်မှုကိုရင်ဆိုင်လိုက်ရတော့ ကျိုးဟိုင်းက အရမ်းတုန်လှုပ်သွားပြီးပြောတယ် " မုရှောင် ဓာတ်ပုံရိုက်တာကဟုတ်ပေမယ့် ငါ မစ္စတာချောင်းကို မဖော်ထုတ်ဝံ့ဘူး "

မုရှင်းယုက ကျိုးဟိုင်းရဲ့ စိုးရိမ်မှုတွေကို နားလည်တယ်။ သူ့အရင်ဘဝကလည်း အရှုပ်တော်ပုံတွေကို ဖုံးကွယ်ဖို့အတွက် မစ္စတာချောင်းကို ဖော်ထုတ်ခဲ့တဲ့ ပါပါရာဇီက မကြာခင်မှာ ပျောက်ကွယ်သွားခဲ့ရတယ်။ဒါပေမယ့် ဒီဘဝမှာတော့ သူ မစ္စတာချောင်း လက်စားချေမှာကို မကြောက်ဘူး။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Onde as histórias ganham vida. Descobre agora