Chapter (50)

739 122 1
                                    




မုရှင်းယုသည် ဇာတ်ညွှန်းကို အိမ်တွင် ဂရုတစိုက်လေ့လာခဲ့ပြီး သူသရုပ်ဆောင်ရမည့် အခန်းကဏ္ဍကို ရှင်းလင်းစွာ နားလည်ခဲ့သည်။

သူသရုပ်ဆောင်ရမယ့် ဇာတ်ကောင်က ချမ်းသာတဲ့ မိသားစုက မွေးဖွားလာတဲ့ ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ ကျန်ရှောင်ဖန်လို့ ခေါ်တဲ့လူငယ်လေးဖြစ်သည်။

ဖခင်ဖြစ်သူ ထူးဆန်းစွာ ပျောက်သွားပြီးနောက် ကုမ္ပဏီတွင်း အခြေအနေကို တည်ငြိမ်စေပြီး ဖခင်ဖြစ်သူကို ရှာဖွေရန် ဇာတ်လိုက်ကို ကူညီရန် တောင်းဆိုခဲ့သည်။

ကျန်ရှောင်ဖန် ဇာတ်ကွက်ထဲမပေါ်ခင်မှာ သူဟာ ဇာတ်လိုက်ရဲ့ ပါးစပ်ကိုဌားပြီး ဈေးကြီးကြီးပေးပြီး အကူအညီတောင်းတဲ့ ဖောက်သည်ကြီးတစ်ယောက်ရှိတယ်လို့ ပြောခဲ့ပါတယ်။

ထို့နောက် ဇာတ်လိုက်နှင့် အခြားသူများသည် ဇိမ်ခံအပျော်စီးသင်္ဘောတစ်စင်းသို့ ရောက်ရှိလာကြတယ်။

ထို့နောက် ကျန်းမိသားစု မည်မျှချမ်းသာကြောင်း ပြသကာ အမျိုးမျိုးသော မြင်ကွင်ရိုက်ချက်များဖြင့် ဇိမ်ခံအပျော်စီးသင်္ဘောပေါ်သို့ ရောက်လာကြပြီး ကျန်ရှောင်ဖန်က စင်မြင့်ပေါ်တွင် တရားဝင် ပေါ်လာသည်။

သက်တော်စောင့်များ လမ်းရှင်းသွားခဲ့ပြီး နောက်ဆုံးတွင် နေကာမျက်မှန်နှင့် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသည် ကျန်ရှောင်ဖန်က ပေါ်လာသည်။

ဤချမ်းသာသော သခင်ငယ်လေးသည် အလွန်ငယ်ရွယ်ပြီး သူ၏ အမူအရာသည် အလွန်တရာ ထူးကဲလွန်သောကြောင့် ဇာတ်ဆောင်နှင့် အခြားသူများ အံ့သြသွားစေသည်။

ကျန်ရှောင်ဖန်က သူ့ရဲ့ရည်ရွယ်ချက်ကို ရှင်းပြပြီး ဇာတ်ဆောင်နဲ့ တခြားသူတွေကို ပျောက်ဆုံးနေတဲ့ ဖခင်ကို ရှာပေးဖို့ တောင်းဆိုပြီး သံသယ ဖြစ်သူကို ဇာတ်လိုက်နဲ့ တခြားသူတွေကို ပြောပြခဲ့တယ်။

အဲဒီနောက်မှာတော့ ဇာတ်လိုက်နဲ့ တခြားသူတွေဟာ ကျန်ရှောင်ဖန်ရဲ့ဖခင်ကို ရှာဖွေခဲ့ကြပြီး သဲလွန်စတွေကို အခြေခံပြီး အဲဒီလူကို တွေ့ရှိခဲ့တယ်။ ကယ်ဆယ်ရေးအစီအစဉ်ကို ဆောင်ရွက်သည့်အခါတွင် သူသည် ဗီလိန်တစ်ယောက်ဖြစ်ခဲ့တယ်။ ထိုအချိန်တွင် သူသည် ဇာတ်လိုက်နဲ့ တစ်ခြားသူတွေကို ကယ်တင်ရန် သက်တော်စောင့်တွေကို ခေါ်ဆောင်လာခဲ့သည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now