Chapter (51)

626 112 0
                                    


(Unicode )

ငှားရမ်းခက အရမ်းဈေးကြီးတာကြောင့် ရိုက်ကူးရေးအဖွဲ့သားတွေက တစ်ညလုံး အလုပ်ဆင်းပြီး အခင်ဖြစ်ရာနေရာကို ပြင်​ဆင်ခဲ့တယ်။

အားလုံးက အပျော်စီးသင်္ဘောပေါ်တက်ပြီးတာနဲ့ အလုပ်ရှုပ်နေကြတော့တယ်။

မုရှင်းယုနဲ့ သရုပ်ဆောင်တွေဟာ ယာယီအ၀တ်လဲခန်းကိုသွားပြီး မိတ်ကပ်လိမ်းကြတယ်။

ခေတ်သစ် ဒရာမာဇာတ်ကားများသည် ရှေးခေတ်ဒရာမာများကဲ့သို့ ဆံပင်အတုဝတ်ဆင်ရန် မလိုအပ်သောကြောင့် လျူမင်သည် မုရှင်းယုအတွက် မိတ်ကပ်ပုံစံကို အမြန်ပြင်ဆင်ပေးခဲ့သည်။

ထို့နောက် မုရှင်းယုသည် သူယူဆောင်လာသည့် စိတ်ကြိုက်အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ကာ နာရီနှင့် အခြားဆက်စပ်ပစ္စည်းများကို ဝတ်ဆင်၍ ရိုက်ကွင်းသို့ ရောက်လာသည်။

ဒါရိုက်တာစုန်နဲ့ တခြားသူတွေက သူ့ကိုတွေ့တော့ အရမ်းကို မှင်သက်အံ့သြသွားကြတယ်။ တကယ်တော့ ဒီနေ့ မုရှင်းယုရဲ့ ရုပ်ရည်က တကယ်ကို ပြီးပြည့်စုံတယ်။

" ရှင်းယု မင်း ငါ့ရဲ့ရောင်ဝါကို ခိုးယူသွားမှာကို ငါရုတ်တရက် စိုးရိမ်နေပြီး " နီရှို့ယွမ်က နောက်ပြောင်လိုက်တယ်။

" ရှို့ယွမ်ကော ကျတော်က ကောနဲ့ ဘယ်လိုယှဉ်လို့ရမှာလဲ "

တုန်လင်လင်က " ရှင်းယု နင့်ရဲ့ဝတ်စုံကို စိတ်ကြိုက်လုပ်ထားတာမဟုတ်လား? " လို့ မနေနိုင်ဘဲမေးတယ်။

မုရှင်းယုက ခေါင်းညိတ်လိုက်သည်။

" အိုမိုင်ဂေါ့ နင်က ပြောရေး ဆိုခွင့်ရှိသူဖြစ်ထိုက်ပါတယ်။ W&W အမှတ်တံဆိပ်က နင့်ကို ကောင်းကောင်းဆက်ဆံတာဘဲ " တုန်းလင်းလင်းက မထိန်းနိုင်ဘဲ ပြောလိုက်မိတယ်။

" ရုပ်ရှင်ပွဲတော်မှာ ကော်ဇောနီပေါ် လျောက်လှမ်းခဲ့တယ့် နောက်ဆုံးအကြိမ်က ပွဲတက်ဝတ်စုံကို စျေးသက်သက်သာသာနဲ့ဌားဖို့ တကယ်ခက်ခဲခဲ့တာ။ ပြီးတော့ ပွဲပြီးတာနဲ့ ပြန်ပေးခဲ့ရတယ်။ ဒါပေမယ့် နင်ကတော့ ရုပ်ရှင်အတွက်နဲ့ စိတ်ကြိုက်ဝတ်စုံကို ပေါ့ပေါ့ပါးပါးဘဲ ဝတ်ထားတယ်။ တကယ်ကို မနာလိုချင်စရာဘဲ "

" အစ်မလင်းလင်း နောင်မှာ အစ်မမအဝတ်အစားတွေ ငှားချင်တယ်ဆိုရင် ကျတော့်ကိုပြောလို့ရတယ်။ ကျတော် အစ်မအတွက် ငါဌားပေးမယ် " မုရှင်းယုက အပြုံးလေးနဲ့ ပြောတယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now