Chapter (56)

703 110 2
                                    

(Unicode)

Chapter:56

မကြာခင်မှာ နှစ်သစ်ကူးနေ့ကို ရောက်တော့မှာ ဖြစ်ပြီး လူတိုင်းမျှော်လင့်နေကြတဲ့ " The Journey" ဟာ နောက်ဆုံးမှာ ထုတ်လွှင့်ခဲ့တယ်။

" The Journey " ရိုက်ကူးရေး ပြီးသွားကတည်းက အဖွဲ့သားတွေဟာ နောက်ဆက်တွဲ ထုတ်လုပ်မှုထဲ ပြင်းထန်စွာ ဝင်ရောက်လာကြတယ်။

အချိန်သည် အလွန်တိုတောင်းသော်လည်း ရန်ပုံငွေထောက်ပံ့သူသည် ရင်းနှီးမြှုပ်နှံမှုကို တိုးပေးလာတယ်။ ဒါကြောင့် နောက်ဆက်တွဲ ထုတ်လုပ်မှုအဖွဲ့သည် အရွယ်အစား နှစ်ဆတိုးလာပြီး နောက်ဆုံးတွင် ထုတ်လွှင့်မှုမတိုင်မီ ထုတ်လုပ်မှုအရည်အသွေးနှင့် အရေအတွက်အားလုံးကို အပြီးသတ်နိုင်ခဲ့သည်။

ထုတ်လွှင့်သည့်ညတွင် ကုယွမ်ကျိုးသည် ညစာစားပြီးသောအခါ မုရှင်းယုကို အိမ်တွင်းရုပ်ရှင်ရုံငယ်လေးထဲသို့ ခေါ်သွားခဲ့သည်။

" ခင်ဗျား တီဗီစီးရီးတွေ မကြည့်ဘူးမဟုတ်လာ? ကျတော့်ရဲ့ ဇာတ်ကာကို ကြည့်ချင်တာလာ? " မုရှင်းယုက မသေချာမရေရာ မေးလိုက်သည်။ သူမေးရသည့် အကြောင်းရင်းမှာ ကုယွမ်ကျိုးသည် တီဗီစီးရီးကို တစ်ခါမှ မကြည့်ဖူးသောကြောင့် ဖြစ်သည်။

" ဟုတ်တယ် မင်းရဲ့ပထမဆုံးတီဗီစီးရီကို ကိုယ်ကြည့်ချင်တယ် " ကုယွမ်ကျိုးက အလေးအနက်ပြောခဲ့တယ်။

အိမ်တွင်းရုပ်ရှင်ရုံ အခန်းထဲတွင် ကြီးမားသော တီဗီစခရင်ပါရှိသည်။ မီးများမှိန်သွားသောအခါတွင် စပယ်ရှယ်ကြည့်ရှုနိုင်သော လေထုတစ်ခုရှိသည်။

မကြာခင်မှာပဲ ပထမပိုင်းကို ထုတ်လွှင့်ခဲ့တယ်။ ဒါပေမယ့် ကျန်းကျိတုန်က ပထမဆုံးပေါ်လာတာကြောင့် ကုယွမ်ကျိုးက မျက်မှောင်ကြုတ်သွားတယ်။

သူ စိတ်ရှည်ရှည်နဲ့ ငါးမိနစ်လောက် စောင့်ကြည့်နေပေမယ့် မုရှင်းယုကို မတွေ့ရသေးဘူး။ နောက်ဆုံးမှာ သူ မမေးဘဲ မနေနိုင်တော့ဘူး။

" မင်းပေါ်လာဖို့ ဘယ်လောက်ကြာဦးမှာလဲ? "

" ရောက်ခါနီးပြီ စုန်ချင်ဟဲက အခွန်ကောက်တဲ့ အရာရှိတွေနဲ့ စစ်သားတွေကို ဖြေရှင်းပြီးရင် တရားရုံးရဲ့ အခြေအနေကို ပြောပြမှာ " လို့ မုရှင်းယုက ပြောတယ်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now