Chapter (38)

1.8K 247 0
                                    

Unicode

ဓာတ်ပုံကို တင်ပြီးနောက်မှာတော့ အာရုံစိုက်မှု အများအပြားရရှိခဲ့တယ်။

[ Wow! မိန်းမလှလေးနဲ့လူချောလေး တကယ်ကို လိုက်ဖက်တာပဲ! ]

[ ရွှမ်းရွှမ်းက အချစ်စစ်ကို ရှာတွေ့သွားပြီလား? အိုး! သူတို့က အရမ်းရင်းနှီးတာဘဲ! ]

[ ဒီလူနှစ်ယောက်က အရမ်းကြည့်ကောင်းတယ်! သူတို့နှစ်ယောက်က ကောင်းကင်ဘုံကလိုက်ဖက်ညီတဲ့အတွဲပဲ! တီဗီစီးရီးကို မကြာခင် ထုတ်လွှင့်တော့မယ်လို့ မျှော်လင့်တယ် ]

[ မုရှင်းယုက အမျိုးသားဇာတ်ပို့ဇာတ်ရုပ်ကို ဘာလို့သရုပ်ဆောင်ရတာလဲ? သူအမျိုးသမီး ဇာတ်ဆောင်နဲ့ ဘာဖြစ်မလဲဆိုတာ ငါတကယ်ကြည့်ချင်နေပြီး! ! ]

အင်တာနက်ပေါ်ရှိ မှတ်ချက်များကိုကြည့်ရင်း မုရှင်းယုသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

" အစ်ကိုရှင်းယု မင်းနဲ့ ကျိုးရုရွှမ်း ပတ်သက်တဲ့ ကောလာဟလတွေ ပြန့်နေပြီ ငါတို့ ဘာလုပ်သင့်လဲ? "

" ဒီပုံတွေက ဖြတ်ထုတ်ထားတာသေချာတယ်။ တစ်ယောက်ယောက်က ကောလဟာလတွေကို တမင်တကာဖြန့်နေတာ။ ဒါပေမယ့် ကျိုးရုရွှမ်းကိုယ်တိုင်က ပါဝင်နေသလား ဆိုတာမသေချာဘူး "

မုရှင်းယုသည် ကျိုးရုရွှမ်းနဲ့ခပ်ခွာခွာနေခဲ့သော်လည် အရှုပ်အရှင်းတွေဖြစ်လာမယ်လို့မမျှော်လင့်ထားဘူး။

ထိုအချိန်တွင် ကုယွမ်ကျိုး၏အသံသည် ဖုန်းထဲမှထွက်လာသည် " လန်ယင်းကို ဒီအရှုပ်တော်ပုံ အမြန်ဖြေရှင်းခိုင်း! "

မုရှင်းယုက တုန်လှုပ်သွားတယ်။ သူက ဗီဒီယိုကော ပြောနေခဲ့တာကိုရုတ်တရက် သတိရသွားတယ်။ သူနဲ့ ရှောင်ဝမ်းတို့ စကားစမြည်ပြောနေတာကို ကုယွမ်ကျိုးက အားလုံးကြားလိုက်ရတယ်။

ရှောင်ဝမ်းသည် ထိတ်လန့်သောအကြည့်ကို ပြသခဲ့သည်။ မုရှင်းယုနှင့် ကုယွမ်ကျိုးတို့သည် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်နေမှန် မသိသောကြောင့် သူစကားပြောသောအခါတွင် စိုးရိမ်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။

အခု ကုယွမ်ကျိုး နားလည်မှုလွဲသွားမှာကို စိုးရိမ်တာကြောင့် " အစ်ကိုရှင်းယု ကျွန်တော် မစ္စတာကုကို ရှင်းပြရမလာ..."

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now