Chapter (18)

2.2K 291 3
                                    

မုရှင်းယုနှင့် မစ္စတာကုတို့သည် ထမင်းစားခန်းထဲသို့သွားကာ ဟင်းပွဲပြင်ဆင်ရန် စားဖိုမှူးအား ပြောဆိုလိုက်သည်။

အရင်တုန်းက, လင်းရှောင်က ဒီမှာရှိတုန်းကဆို သူက ကုကျိုင်းရဲ့ အမှုကိစ္စတွေကို တာဝန်ယူခဲ့တယ်။ ဒါပေမယ့် မစ္စတာကုက သူ့မိသားစုထဲမှ သူလျှိုတွေ ရောထွေးပြီးနေမှာကို စိုးရိမ်တာကြောင့် သူက အိမ်တော်ထိန်းအသစ်ကို မခေါ်ယူခဲ့ဘူး။

ထို့ကြောင့်, အိမ်တွင်းအသေးအဖွဲ့ကိစ္စများကို ပုံမှန်အားဖြင့် မစ္စတာကု သို့မဟုတ် မုရှင်းယုက သုံးသပ်လေ့ရှိသည်။

မုရှင်းယုသည် အဖိုးအိုက အလွန်အလေးအနက် ဂရုစိုက်နေတာကို မလိုချင်ဘူး။ နောက်ပိုင် အလုပ်ထွက်လုပ်ရင်, သူက မိသားစုအရေးကိစ္စတွေကို ဂရုစိုက်နိုင်ခြင်းမရှိတော့ဘူး။ ဒါကြောင့် သူက လင်ရှောင်နေရာ အစားထိုးဖို့ မိသားစုတွင် အကူတစ်ဦးကို ရွေးချယ်ရန် အဖိုးကုကို အကြံပြုလိုက်တယ်။

" သားမှာ ရွေးချယ်စရာတစ်ယောက်ရှိလား? "

မုရှင်းယုက ခဏစဉ်းစားပြီး ပြောလိုက်တယ် " ဖိုးဖိုး၊ အခု ဥက္ကဋ္ဌကုက နိုးလာပြီး၊ သူနာပြုအလုပ်က အတော်လေး လျော့သွားပြီဆိုတော့ အန်တီချူးက ကိစ္စတွေကို ကူညီစီမံခန့်ခွဲပေးနိုင်တယ် "

" ချူဂျင်လန်? " အဘိုးကုက ခဏလောက် စဉ်းစားနေစဥ်အတွင်း သူ့အမူအရာကလည်း သဘောတူပါကြောင်း ပြသခဲ့တယ်။

လင်းရှောင်၏ သတင်းကို သိလိုက်ရပြီးနောက်မှာ အဘိုးကုသည် လူများကို အလုပ်ခန့်ရာတွင် အလွန်သတိထားခဲ့သည်။

ချူးဂျင်လန်သည် ကုယွမ်ကျိုးကို အမြဲဂရုစိုက်ခဲ့ပြီး ဇီဇာကြောင်သော ကုယွမ်ကျိုးကို မကျေနပ်မှုဖြစ်အောင် မလုပ်ခဲ့ပေ။ ၎င်းသည် အလွန်ကျွမ်းကျင်နေပြီဖြစ်သည်။ ယခု မုရှင်းယုမှ သူမအား ထပ်မံအကြံပြုလိုက်သောကြောင့် မစ္စတာကုသည်လည်း အန်တီချုးကို ဆက်လတ်အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

ထိုအချိန်တွင် မုရှင်းယု၏ဆဲလ်ဖုန်းမြည်လာသည်။ သူက ဖုန်းကိုကောက်ကိုင်လိုက်ပြီး အဲ့တာက ချန်ဖန်းဖြစ်သည်ကို တွေ့လိုက်ရသည်။ သူကလျှင်မြန်စွာမေးလိုက်တယ် " ချန်ဖန်း၊ ဘာကိစ္စရှိလို့လဲ? "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now