Chapter (32)

1.9K 225 0
                                    

Unicode

ဖုန်ဇီအန်နှင့် ချောင်းဟုန်တို့၏အရှုပ်တော်ပုံသည် ဖျော်ဖြေရေးအသိုင်းအဝန်းကို လွှမ်းမိုးရုံသာမက စီးပွားရေးအသိုင်းအဝိုင်းကိုပါ လွှမ်းမိုးသွားခဲ့သည်။

တံတိုင်းပြိုကျပြီး လူတိုင်း တွန်းချခံရပြီးနောက် ကွမ်းဟူအိမ်ခြံမြေဈေးကွက်တန်ဖိုးသည် တခဏအတွင်း ဘီလီယံရာနှင့်ချီ ကျဆင်းသွားသည်။

ကုအုပ်စု၏ လျှို့ဝှက်ပံ့ပိုး ကူညီမှုဖြင့် ကျီနန်းအိမ်ခြံမြေသည် စျေးကွက်ကို လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး အနံ့ခံပြင်းပြသည့် အခြားအရင်းအနှီးများကလည်း ကွမ်ဟူးအိမ်ခြံမြေကို ဝါးမြိုမည့် စခန်းသို့ ဝင်ရောက်လာခဲ့သည်။ သုံးရက်အတွင်းမှာပဲ အိမ်ခြံမြေလုပ်ငန်း၏ ဦးဆောင်သူဟာ ဒေဝါလီခံရလုနီးပါးဖြစ်ခဲ့သည်။

ထိုအချိန်တွင်၊ ချောင်းဟုန်သည် သူ၏အဆက်အသွယ်အားလုံးကို အသုံးပြုခဲ့သည်။ သို့သော် ဘဏ် သို့မဟုတ် အကျိုးတူအရင်းအနှီးက သူ့ကို ငွေမချေးရဲပေ။ ချောင်ဟုန်သည် သူလမ်းကြောင်းမှန်ပေါ်ရောက်နေသည်ဟု ခံစားခဲ့ရသော်လည်း ထိုအရာများသည် လျင်မြန်စွာဖြစ်ပွားနေသောကြောင့် သူတုံ့ပြန်ရန်အခွင့်အရေးမရှိခဲ့ပေ။

မကြာမီတွင်၊ ချောင်ဟုန်သည် ဒေဝါလီခံခြင်းဆိုင်ရာ အကာအကွယ်အတွက် လျှောက်ထားခဲ့ရပြီး အိမ်ခြံမြေလုပ်ငန်းတွင် ပုံစံအသစ်သည် တဖြည်းဖြည်း ပုံဖော်လာခဲ့သည်။

မုရှင်းယုသည် ငွေကြေးဈေးကွက်၏ ထိတ်လန့်မှုကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပြီး လန်ယင်ကဲ့သိုပင် အခြေအနေအလုံးစုံကို ကိုင်တွယ်ဖြေရှင်းပေးသော ကုယွမ်ကျိုးကိုလည်း စိတ်ရင်းမှန်ဖြင့် ချီးကျူးခဲ့သည်။

ခဏကြာတော့ သူစိမ်းတစ်ယောက်ဆီက ဖုန်းဝင်လာတယ်။ ချိတ်ဆက်ပြီးတာနဲ့ " ဟယ်လို၊ ဘယ်သူလဲမေးလို့ရမလား..."

" မုရှင်းယု ငါ ကျန်းဟိန်ပါ "

" ဒါရိုက်တာကျန်း! " မုရှင်းယုကအံ့သြသင့်စွာပြောလိုက်သည်။

" Shen Qian ကို ဆက်သရုပ်ဆောင်ဖို့မင်းကို ဖိတ်ခေါ်ဖို့ပါ " ဒါရိုက်တာကျန်းက အနည်းငယ် ရှက်သွားပြီး ချောင်းဆိုးကာ " အရင်က ရင်းနှီးမြှုပ်နှံသူက မင်းကို အစားထိုးဖို့ တောင်းဆိုခဲ့တယ်၊ ငါဘာမှ မလုပ်နိုင်ဘူး။ အခု ရင်းနှီးမြှုပ်နှံသူ အသစ်တစ်ယောက်၊ အရင်းအနှီးထည့်ထားပြီးပြီ။ 'The journey' အဖွဲ့ဆီကိုပြန်လာဖို့ မင်းကိုဖိတ်ခေါ်ချင်တယ် "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now