Chapter (1)

4.8K 425 2
                                    


Unicode

မုရှင်းယု မျက်လုံးများ ဖွင့်လိုက်သောအခါ သန့်ရှင်းသပ်ရပ်သည့် အခန်းတစ်ခန်းကို တွေ့လိုက်ရသည်။ သူအနည်းငယ် ရှုပ်ထွေးနေခဲ့တယ်။ သူဘယ်ဘက်လက်ကိုမြှောက်ပြီး ကြည့်လိုက်တော့ သူ၏ လက်ကောက်ဝတ်မှာ ထိတ်လန့်စရာ ဘာတစ်ခုမှမရှိဘဲ ဖြူဖွေးပြီးတော့ ချောမွတ်နေသည်။

ဘာဖြစ်သွားတာလဲ???

သူဟာအကူညီမဲ့စွာနဲ့ စတင်ပြီးအံ့အားသင့်နေခဲ့တယ်။ သူက သူ့လက်ကောက်ဝတ်ကိုဖြတ်ပြီး ကိုယ့်ကိုကိုယ်သတ်သေခဲ့တာ ထင်ရှားတယ်။ သူသွေးတွေဟာ မြေကြီးပေါ်မှာ စွန်းထင်းနေခဲ့တယ်။ ဘာကြောင့် ... သူဘာကြောင့် ပြန်ပြီ မျက်လုံးပွင့်လာခဲ့တာလဲ? ဒါပေမယ့် သူ့လက်ကောက်ဝတ်မှာ ဘာအနာမှ မရှိခဲ့ဘူး။

စကားမစပ်, ဒီအခန်းကို ကြည့်ရတာသူတွေ့ဖူးတဲ့ တစ်နေရာရာနဲ့ ဆင်တူနေသလိုဘဲ။

မူရှင်းယု၏ ရှုပ်ထွေးနေသော ဦးနှောက်ထဲတွင် အလင်းရောင် တစ်ချက် တောက်ပလာသည်။ ၎င်းသည် သူပထမဆုံး တီဗီဇာတ်လမ်းတွဲတွင် ပါ၀င်သည့်အခါက တည်းခိုခဲ့သည့် ဟိုတယ်ဖြစ်သည်ကို သူသတိရသွားခဲ့တယ်။ သူသည် အံ့အားသင့်စွာဖြင့် ထလိုက်သည်။ ဒါပေမယ့် သူ့ခြေထောက် ဒဏ်ရာကို ထိခိုက်မိ သွားပြီး သူအိပ်ရာပေါ်သို့ ပြန်၍ လဲကျသွားသည်။

သူသည် အိပ်ရာဦးခေါင်းကို အလျင်အမြန် ဆုပ်ကိုင်လိုက် သော်လည်း မီးအိမ်ကတော့ အိပ်ရာဘေးကို ကျယ်လောင်စွာ ပြုတ်ကျသွာတယ်။

" ရှင်းယု ဘာဖြစ်သွားတာလဲ? "
တစ်ယောက်ယောက်က တံခါးကို ဖွင့်လိုက်ပြီး သူ့၏ လက်ထဲရှိ အစားအစာကို ချက်ချင်းပဲ ချကာ အိပ်ယာဆီသို့လာပြီး စိုးရိမ်စွာဖြင့် မေးလိုက်တယ်။

" ရှင်းယု မင်းလဲကျသွားတာလား? မင်းဘာလိုချင်လို့လဲပြော ငါမင်းအတွက် သွားယူပေးမယ် "

" ရှောင်ဝမ်? "
မူရှင်းယုက ရှောင်ဝမ်ကို မြင်သောအခါ အံ့အားသင့် သွားခဲ့သည်။

ရှောင်ဝမ်သည် သူ့အတွက် ကုမ္ပဏီမှ စီစဉ်ပေးသော လက်ထောက်ဖြစ်ပြီး
နာမည် အပြည့်စုံမှာ ဖန်းရှောင်ဝမ် ဖြစ်သည်။ သူနှင့်အသက်ရွယ်တူ ဖြစ်သည့်အပြင် တက်ကြွရွှင်လန်းသော လူငယ်လေးလဲဖြစ်သည်။

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now