Chapter (6)

2.5K 322 0
                                    

ဒါရိုက်တာယဲ့သည် ရိုက်ကူးရေး၏ အသေးစိတ် အချက်အလက်တွေကို လက်ထောက်ဒါရိုက်တာနှင့် ဆွေးနွေးနေသည်။

မုရှင်းယုကို ရုတ်တရက်မြင်လိုက်တော့ သူက အနည်းငယ်အံသြသွားတယ်။ " မင်းကဘာလို့ ဒီကို ရောက်နေတာလဲ? မင်းအိမ်ပြန် အနားယူချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လာ? "

ဒါရိုက်တာယဲ့၏ စကားများကို ကြားလိုက်​တော့ မုရှင်းယု၏ နှလုံးသားသည် အောက်ဆုံတွင် ရှိနေခဲ့သည်။ အစ်မချင်းသည် သူ့အား တစ်ဖတ်သတ်လာဖို့ ပြောခဲ့တာဘဲ။

" ဒါရိုက်တာယဲ့.ဒါက ဒီလိုပါ ကျတော်အိမ်မှာ ကိစ္စတစ်ခုခုရှိလို့ ၊ကျတော် ဆက်ပြီး ရိုက်ကူးနိုင်မှာ မဟုတ်ဘူး၊အဖွဲ့အတွက် ဆုံးရှုံးမှုတွေကို ကျတော် အလျော်ပေးပါ့မယ် "

ယဲ့တုန်က အံ့သြသွားပြီး ဘာပြောရမှန်း မသိတော့ပေ။ သို့သော် နောက်မှ လိုက်လာသူ ဖုန်းဇီအန်သည် မုရှင်းယု၏ စကားများကိုကြားတဲ့အခါ သူက အရင်ပြောလိုက်တယ်။

" မုရှင်းယု မင်းဘာကို ဆိုလိုတာလဲ? မင်းက အဖွဲ့ကနေ နုတ်ထွက်ချင်တယ်? " အထင်သေးစွာဖြင့် " မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ?မင်က ဆုံးရှုံးမှု အားလုံးကို ပေးနိုင်တယ် ။ဟုတ်လာ..."

ရှောင်ဝမ်က မုရှင်းယုရဲ့ အချက်အလတ်တွေကို သိတာကြောင့် သူကဖုန်းဇီအန်ကို ပြန်လည်ချေပ ချင်ခဲ့ပေမယ့် မုရှင်းယုက မပြောဖို့အမူအယာပြခဲ့တယ်။

" အစ်ကိုဖုန်..ကျတော် လျော်ကြေးငွေ ပေးလားမပေးဘူးလား ဆိုတာ ကျတော့ပြဿနာလေ၊အစ်ကိုဘာလို့ ဝင်ပါတာလဲ၊ အစ်ကို ကျတော့အစားလျော်ကြေးငွေ ပေးချင်လို့လာ? "
ရှင်းယုက အပြုံးဖြင့် မေးလိုက်သည်။

ဖုန်းဇီအန်းသည် အလွန်ဒေါသထွက်သွားသော်လည် မည်သို့ ပြန်လည်ချေပရမည်ကို မသိခဲ့ပေ။

ဒီနေရာကို အဖွဲ့ရှိ လူတိုင်းက ကြည့်နေကြပြီး သူက ဟွန့်ကနဲနှာမှုတ်ကာဒေါသတကြီး ဖြင့်ထွက်ခွာသွားတယ်။

ယဲ့တုန်က မျက်မှောင်ကြုတ်ထားခဲ့တယ်။ ဖုန်းဇီအန် ထွက်ခွာသွားပြီးနောက် သူက မုရှင်းယုကို မေးလိုက်တယ်..." ဘာလို့ မင်းက ရုတ်တရက်ကြီး ထွက်သွားချင် ရတာလဲ? မင်းက သရုပ်ဆောင်တဲ့နေရာမှာ ပါရမီရှိတယ်၊ ပြီးတော့ မင်းခဏလေး စိတ်ပျက်အားငယ်တာက ဘာမှမဟုတ်ပါဘူး "

မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်ရန်ပြန်လည်မွေးဖွားခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now